Part 4

2.3K 87 0
                                    

               ရွှေမင်းသားရဲ့ ကြင်ရာတော်

                                or နတ်ရေးတဲ့ ရွှေဖူးစာ

                           အခန်း   (၄)

.
.

" မေကြီး တေး သွားတော့မယ် နော်။ညနေကို အပြန်နောက်ကျမယ်သိလား မေကြီး "

တေး,စားထားတဲ့ မနက်ခင်းစားပွဲကို သိမ်းပြီး၊ဟင်းချက်ဖို့ လုပ်နေတဲ့ မေကြီး ကို အလုပ်သွားတော့မယ့် အကြောင်း ပြောရသည်။

" အင်း။တအားနောက်ကျမယ်ဆိုရင် ဖုန်းဆက်နော်။မေကြီး လာကြိုပေးမယ် "

" ဟုတ်ကဲ့ မေကြီး။တာ့တာ... "

" အင်း... တာ့တာ "

မင်းသားဆိုတဲ့လူက သူရောက်နေပြီဖြစ်ကြောင်း
နဲ့ မြန်မြန် ထွက်လာခဲ့ဖို့ ဖုန်းနဲ့ မက်ဆေ့ပို့လာတာကြောင့်... တေးသည် မေကြီး နူတ်ဆက်ပြီး၊အိမ်ထဲကနေ မြန်မြန် ထွက်လာရသည်။

အိမ်နဲ့ ခြံတံခါးဝက နည်းနည်း လှမ်းတာမို့...
တေးသည် အိမ်ပြင်ရောက်တာနဲ့ ပြေးသွားရသည်။

တေး,ခြံပြင်ရောက်တော့ အသင့်ရပ်ထားတဲ့ မာစီဒီအနက်ရောင်ကားလေးကို တွေ့ရသည်။

မင်းသားနားမှာ အမြဲတွေ့ရတတ်တဲ့ လူကတော့
ကားဘေးမှာ အနတ်ရောင်Suitဝတ်စုံနဲ့ ရပ်နေတာကို တွေ့ရသည်။

" တက်ပါ မိန်းကလေး "

ကားဘေးမှာ ရပ်နေတဲ့ လူက တေး,ကားနားကို
ရောက်တာနဲ့ တံခါးကို ဖွင့်ပေးသည်။ ကားတစ်စီးလုံး အနက်ရောင်စတေကာမှန်တွေ တပ်ဆင်ထားမူ့ကြောင့် အထဲကိုဘာမှ မမြင်ရပေမယ့်... တေး, တက်ဖို့ နောက်ခန်းတံခါးကို ဖွင့်လိုက်တဲ့ အခါမှာတော့... ဘောင်းဘီရှည်အနက်နှင့်ရှပ်လက်ရှည်အနက်ရောင်ကို ဝတ်ထားတဲ့ မင်းသားဆိုတဲ့လူကို အခန့်သားတွေ့ရ၏။

ခြေကိုခြိတ်ပြီး လက်ကိုပိုက်ကာ ကားပေါ်မှာ ထိုင်နေတဲ့ မင်းသားသည် ကားနောက်မှီ ကူရှင်ကိုမှီပြီး
မျက်လုံးကိုမှိတ်ထားတာ တွေ့ရသည်။ညကမအိပ်ဘူးလားမသိ။မနက်ကြီးကို အိပ်နေတာ။

တေး,တွေးရင်းဖြင့် တံခါးဖွင့်ပေးထားတဲ့ နေရာကနေ ကားထဲဝင်ထိုင်လိုက်သည်။မင်းသား က
အိပ်နေတာမို့... တေး,ဖြေးဖြေးလေး တက်ရသည်။

နတ်ရေးတဲ့ ရွှေဖူးစာ  Completed  Where stories live. Discover now