Part 80

919 17 0
                                    

               နတ်ရေးတဲ့ ရွှေဖူးစာ

                           or ရွှေမင်းသားရဲ့ ကြင်ရာတော်

          အခန်း (၈၀)
.

" ခွန်းတေးအလင်္ကာ ညီမလေး အစ်ကိုနဲ့လိုက်ခဲ့ပါ "

" ဘယ်ကိုလဲ "

" ပြင်ဆင်ရမယ့်နေရာကို သွားရပါမယ် "

" နန်းတော်မှာ မဟုတ်ဘူးလား "

ကိုယ်ရံတော်နောင်ခ သူ့ကားဆီခေါ်သွားနေတာကြောင့် တေး မေးလိုက်တာဖြစ်သည်။

" မင်္ဂလာပွဲလုပ်မယ့်နေရာက နန်းတော်မှာ မဟုတ်ဘူး။ဒီကနေ နှစ်နာရီလောက် ကားမောင်းပြီးသွားရမယ့် ယံပင်း,ပင်လယ်ဘက်မှာပါ "

" ပင်လယ်ဘက်မှာ "

" ဟုတ်တယ်။မင်းကြီးတို့ကတော့ ပင်လယ်မှာ နေထွက်တာကြည့်မှာမို့ မနက်အစောကြီးကသွားနှင့်ကြတယ်။မင်္ဂလာပွဲက ညနေမှာမို့ ဟိုတယ်မှာ အရင်အနားယူကြမှာ အဘွားတော်မိဖုရားကြီးရော "

" ဒါဆို မိန်းကလေးမေလင်းဒီဒီရောလား... "

" ဟုတ်တယ်။သူလည်း နေထွက်တာကြည့်မှာမို့ အရင်လိုက်သွားတာ။အခုတော့ ဟိုတယ်မှာ အလှပြင်ဖို့ စနေပြီလို့ ဖုန်းဆက်ထားတယ် "

" အော်... "

" နန်းတော်မှာ ကျန်နေတာဆိုလို့ မင်းသားနဲ့ ကျွန်တော်ပဲကျန်တာ။ညီမလေးတို့အလာကို စောင့်နေတာလေ "

" အဲ့လိုဆိုလည်း ဘယ်ကိုလာခဲ့လို့ ဖုန်းဆက်ပြောရင်ရနေတာကို မပြောဘူး "

" အစ်ကိုလည်း ပြောမလို့ပါပဲ။ဒါပေမဲ့ မင်းသားကမပြောနဲ့ စောင့်နေမယ်ဆိုလို့ မပြောရတာ "

" ဒါနဲ့ မင်္ဂလာပွဲကို ဘာလို ပင်လယ်ဘက်မှာ သွားလုပ်တာလဲ "

" အဲ့ဒါတော့ မသိဘူး "

မင်္ဂလာပွဲကို ပင်လယ်ဘက်မှာ ဘာလို့သွားလုပ်တာလဲ မသိဘူး။တော်​တော်လေးကို အကျယ်ချဲ့ပြီးလုပ်နေတာပဲ။

အင်းလေ သူချစ်တဲ့မိန်းကလေးနဲ့ လက်ထပ်တာပဲ
တခမ်းတနားလုပ်မှာပေါ့။ပြီးတော့ သူကအိမ်ရှေ့စံမင်းသားပဲလေ။သူလုပ်ချင်တဲ့ ဘယ်အရာကိုမဆို
လုပ်နိုင်တဲ့ သူပဲဟာ...။

နတ်ရေးတဲ့ ရွှေဖူးစာ  Completed  حيث تعيش القصص. اكتشف الآن