Part 83 ဇာတ်သိမ်း

3.4K 47 1
                                    

နတ်ရေးတဲ့ ရွှေဖူးစာ

                           or ရွှေမင်းသားရဲ့ ကြင်ရာတော်

          အခန်း (၈၃) ဇာတ်သိမ်းပိုင်း
.

** မင်္ဂလာဝတ်စုံ ဝယ်သောနေ့ဆီသို့....

" မင်းရောက်လာတာ စောသားပဲ... တေးတောင်မရောက်သေးဘူး စျာန် "

" မင်းသား အခု ဘာလုပ်နေတယ်ဆိုတာရော သိရဲ့လား... "

" ငါက ဘာလုပ်နေလို့လဲ "

" ခွန်းတေးအလင်္ကာ သူမကိုနာကျင်စေချင်တာနဲ့
ညီမဖြစ်တဲ့ သူနဲ့လက်ထပ်မယ်ပေါ့။မင်းသားလုပ်ရပ်က မှန်တယ်လို့များ ထင်နေတာလား... "

" မင်းကိုဘယ်သူက ပြောလဲ... ငါက ဒီဒီနဲ့လက်ထပ်မယ်လို့... "

" မင်းသမီးနဲ့ လက်မထပ်ရင် မင်းသားကလက်ထပ်ပွဲကို ဘယ်သူနဲ့ လုပ်မလို့လဲ "

" မင်း ပြောကြည့်ပါလား... ငါ လက်ထပ်ပွဲကို ဘယ်သူနဲ့လုပ်မယ်ဆိုတာ ကို... "

" မင်းသား... မဟုတ်မှ ခွန်း ခွန်းတေးနဲ့လား... "

" ဟုတ်တယ် "

မင်းသား၏အဖြေက စျာန့်ရဲ့နှလုံးသားကို တိတ်တဆိတ် ရှိူက်ငိုလို့သွားစေသည်။ချစ်ရသူအတွက်လည်း ဝမ်းသားမိ၏။

" ငါ ဘယ်သူနဲ့ လက်ထပ်မယ်ဆိုတာကို မင်းသိသွားပြီဆိုရင်လည်း မင်္ဂ​လာပွဲပြီးတဲ့အထိ နူတ်လုံလုံနေ "

" ဘာလို့ ခွန်းတေး ကို မပြောတာလဲ..! ခွန်းတေး
ဘယ်လောက်ထိ ခံစားနေရတယ်ဆိုတာကို မြင်နေသိနေတယ်မလား... ဘာလို့ အခုလို လုပ်ရတာလဲ "

" မင်းသား ကျွန်တော် မေးနေတယ်လေ... ဘာလို့ အခုလို လုပ်ရတာလဲ လို့! "

" ငါ အခုလို မလုပ်ရင် ဒဏ်ရာပေါင်းစုံ နာကျင်နေတဲ့ ခွန်းတေးအလင်္ကာ သူမ က ငါ့ကို အသာတကြည်နဲ့ လက်ထပ်မယ်များ ထင်နေလား... "

" အခုလိုမျိုး ငါ့ဘက်က မလုပ်ရင် ဒီတစ်သက် တေးနဲ့ငါ ဆုံးစည်းနိုင််မယ်လို့ထင်နေလား... ငါ့ဘက်က ဘာမလုပ်ရင်... ဘာကိုမှကြိုးစားပြီး မလုပ်ဘဲနေနေသရွေ့ တေးက ငါ့ရှေ့က်ို ရောက်လာမှာ မဟုတ်ဘူး။ငါ့ကို ကျောခိုင်းပြီး ငါ့အဝေးကိုပဲ တေး,က ထွက်သွားမှာ "

နတ်ရေးတဲ့ ရွှေဖူးစာ  Completed  Donde viven las historias. Descúbrelo ahora