နတ်ရေးတဲ့ ရွှေဖူးစာ
or ရွှေမင်းသားရဲ့ ကြင်ရာတော်
အခန်း (၃၆)
." တေး...! "
" တေးတို့ လမ်းခွဲရအောင် မင်းသား "
ထပ်ပြီးတော့ ကြားရတဲ့ စကားက ဒီပ,ခြေထောက်ကိုပင် ယိုင်ခနဲဖြစ်သွားစေခဲ့သည်။
" ခွန်းတေးအလင်္ကာ! "
တေးရဲ့စကားအဆုံးမှာ အံ့သြတုန်လှုပ်နေတဲ့ မျက်လုံးတွေနဲ့... တေးနာမည်အပြည့်အစုံကို ခပ်ဆောင့်ဆောင့်လေးခေါ်ပြီး၊ တေးရဲ့ပခုံးနှစ်ဖက်ကို ခပ်ကြမ်းကြမ်း ဆုပ်ကိုင်လာတဲ့ မင်းသား။
" လမ်းခွဲတာ ဘာကြောင့်လဲ "
" ဘယ်သူတွေက ကိုယ်တို့ကြားကို ဝင်မွှေနေတာလဲ။ဘယ်သူက ကိုယ်နဲ့ မင်းကို ဝေးစေချင်တာလဲ။မင်း သိတယ်မလား တေး။ ကိုယ့်ကို ပြော တေး "
" ဘယ်သူ့ကြောင့်နဲ့မှ မဟုတ်ဘူး။ တေးဘာသာ လမ်းခွဲချင်လို့ "
" တေး...! "
ချစ်ရသူလေးရဲ့စကားက ရင်တစ်ခုလုံး ဆွဲဆုပ်ခံလိုက်ရသလိုပင်။ရင်ဘက်ထဲက နာကျင်မူ့ကို အံကိုကြိတ်၊မျက်လုံးကိုမှိတ်၍ ထိန်းချုပ်ရသည်။ပေါက်ကွဲပစ်ချင်တဲ့ စိတ်ကို အသက်ကိုတစ်ချက်အောင့်၍ ရှူထုတ်ပစ်ပြီး...
" ကိုယ့်ကို လမ်းခွဲချင်တယ်ဆိုရင်၊ လမ်းခွဲရအောင်ဆိုတဲ့ စကားလေးနဲ့တော့ မရဘူး တေး။ကိုယ့်ဘက်က မင်းလေးရဲ့ လက်ကို ကောင်းကောင်း လွတ်ပေးနိုင်ရမယ့် အကြောင်းပြချက်တော့ ပေးရလိမ့်မယ်။ကိုယ့်အတွက်လည်း မင်းလေးဆီက ဖြေရှင်းချက်လိုတယ်။အဲ့ဒါကြောင့် ကိုယ့်ကို လမ်းခွဲချင်ရတဲ့ အကြောင်းအရင်းကို မင်းလေး ပြောရလိမ့်မယ်။မပြောရင်တော့... ကိုယ် မင်းလေး ကို လွတ်ပေးမှာ
မဟုတ်ဘူး တေး "အကြောင်းပြချက်တဲ့လား။တေး,က လူသတ်သမားရဲ့ သမီးဆိုတာကိုလား... အဲ့လိုပြောလိုက်ရင် မင်းသားလိုလူက တေး,ကို ရွံရှာတဲ့ အကြည့်တွေနဲ့
ကြည့်လာမှာ။တေး, အဲ့ဒီအကြည့်တွေကို အကြည့်ခံဖို့ ခွန်းအား မရှိဘူး။လူသတ်သမားရဲ့သမီးအဖြစ်နဲ့ တစ်သက်လုံး နေထိုင်သွားရတော့မယ့် တေး က... မင်းသားနဲ့ ဘယ်လိုမှ လိုက်ဖက်မည် မဟုတ်။မင်းသားနဲ့မင်းသားရဲ့ပတ်ဝန်းကျင်က လူတွေကလည်း တေးကို ရွံမုန်းကြမှာပါ။