နတ်ရေးတဲ့ ရွှေဖူးစာ
or ရွှေမင်းသားရဲ့ ကြင်ရာတော်
အခန်း (၅၇)
" အစ်ကိုကြီး အခုဘယ်မှာလဲ "
" ဘယ်မှာရှိတယ်ဆိုတာ သိရင်၊မိဖုရားကြီး က အိမ်ရှေ့စံကို သံတော်ဦးတင်မလို့လား "
ဖုန်းဆက်လို့ကိုင်တာနဲ့ အစ်ကိုဖြစ်သူဆီကနေ ခပ်ငေါ့ငေါ့ စကားသံကို တန်းကြားရတော့သည်။
" အစ်ကိုကြီး ဘာတွေလုပ်နေတာလဲ။သရဖီလည်း အဖမ်းခံထားရတယ်။ကျွန်မကိုလည်း မင်းကြီးရော
မင်းသားရောက စကားတောင်သိပ်မပြောကြတော့ဘူး။စန္ဒီတို့မှာ အားကိုးရာက အစ်ကိုကြီးပဲရှိတာ။အစ်ကိုကြီး အမှားလုပ်ရင် စန္ဒီတို့ပါခံရမှာ။အဲ့ဒါကြောင့်... "" ဘာလဲ... မိဖုရားကြီးက အစ်ကိုဖြစ်တဲ့ ကျုပ်ကိုထိခိုက်မိမှာထက်၊ မိဖုရားကြီးကို ထိခိုက်မှာဆိုးလို့
ကျုပ်ကို နားချဖို့ လုပ်နေတာလား "စကားပင်မဆုံးသေး အစ်ကိုကြီးက ဒေါသဖြင့် ပြောလာလေသည်။
" စန္ဒီကိုထိခိုက်မှာဆိုးလို့ ဆိုတာမျိုးထက်၊အားလုံးထိခိုက်မှာကို မလိုလားလို့ ပြောနေရတာ။အခုတောင် သရဖီလေးက အချုပ်ထဲမှာ။စန္ဒီ့မှာ သရဖီလေးကို အချုပ်ထဲကနေ ထုတ်ပေးချင်တာတောင်၊
စိတ်ကပဲ ရောက်နေတယ်။လူက အချုပ်ထဲကနေ
ထုတ်ပေးနိုင်တဲ့ အင်အားမရှိဘူး။အစ်ကိုကြီးသာ
တစ်ခုခု အမှားလုပ်မိရင်၊စန္ဒီတို့တစ်မိသားစုလုံးကို
ထိခိုက်လာမှာ "" မိဖုရားဖြစ်နေပြီး၊ကိုယ့်သွေးသားတစ်ယောက်ကိုတောင် မကာကွယ်ပေးနိုင်ဘူးလား။အခုနေရာကိုရောက်အောင် ကျုပ်ဘက်က ဘယ်လောက်တောင် လုပ်ထားပေးခဲ့ရသလဲ။နှစ်တွေလည်းကြာနေပြီ အခုထိ အာဏာကိုမချုပ်ကိုင်နိုင်သေးဘူးလား။ကျုပ် မိဖုရားကြီးအတွက် ရင်းနှီးထားတာတွေက
အလကားဖြစ်သွားပြီပဲ။မိဖုရားကြီးနေရာမှာသာ
တခြားတစ်ယောက်ကို နန်းတော်ထဲမှာနေရာတစ်ခုလောက်ရအောင် လုပ်ပေးခဲ့ရင်၊အခုလောက်ဆိုရင်
ကျုပ်အတွက်အတော်လေး အားကိုးနေရလောက်ပြီ။မိဖုရားကြီးက ပျိုးထောင်ပေးရကျိုးမနပ်ဘူးဘဲ "