နတ်ရေးတဲ့ ရွှေဖူးစာ
or ရွှေမင်းသားရဲ့ ကြင်ရာတော်
အခန်း (၄၁)
." သား စျာန် အခုရက်ထဲ တမှိုင်မှိုင်နဲ့ ဘယ်လိုဖြစ်နေတာလဲ "
ကုမ္ပဏီကနေ နေ့လည်စာကို အိမ်မှာ ပြန်လာပြီး
စားတဲ့ သားရဲ့မျက်နှာက မရွှင်မလန်းဖြစ်နေပြီး၊ထမင်းစားတာလည်း စိတ်မပါ၊လက်မပါနဲ့ စားနေတာမို့... သတိထားကြည့်နေမိရင်း စိုးရိမ်စွာနဲ့ မေးမိ၏။" ဘာမှမဖြစ်ပါဘူး အမေ "
" ဘာမှမဖြစ်ဘူးသာ ပြောတယ်။လူမမာကမှ
သားမျက်နှာထက်တောင် လန်းလန်းဆန်းဆန်းရှိအုံးမယ်။အမေ သားကိုကြည့်နေတဲ့ တလျှောက်... သား
တေးလေးနဲ့သွားတွေ့ပြီး အိမ်ကို ညမိုးချုပ်မှ ပြန်လာတဲ့ နေ့ကတည်းကပဲ... သားမျက်နှာ မလန်းတော့တာ "" အမေ့ကို အမှန်တိုင်း ပြောလို့ရမလား သား "
" ဘာကိုလဲ "
" သား အခုလိုဖြစ်နေတာ တေးလေးကြောင့်မလား "
အမေ့က မေးလာတာကြောင့် စျာန်, သက်မောကို လေးဖင့်စွာချပြီး...
မဟုတ်ဘူးလို့ ပြောရင်တော့... အမေ့ကို လိမ်ညာတာ ဖြစ်သွားမှာပေါ့။
" အင်း "
ဆေးရုံကနေ ဆင်းလာစပဲရှိသေးတဲ့ ဒေါ်နမ်းပန်းဆမ်မှာ သားဖြစ်သူ၏ အဖြေကြောင့် ရင်ထဲမကောင်း
ဖြစ်သွားသည်။ဘာကြောင့်လည်းဆိုရင် သားချစ်နေတဲ့ ဆိုင်သူရှိနေပြီ မဟုတ်လား။" သား အခုချိန်မှာ ခံစားနေရမယ်ဆိုတာ အမေ သိပါတယ်။ဒါပေမဲ့ ဒီလောက်နဲ့ပဲ တေးလေးကိုလက်လျော့လိုက်ပါတော့ သား "
" လူနှစ်ယောက်ပေါင်းစည်းမယ့် ချစ်ခြင်းမှာ၊လူနှစ်ယောက်ထပ်ပိုနေရင်၊အဲ့ဒီ ချစ်ခြင်းက အေးအေးချမ်းချမ်း ရှိနေမှာ မဟုတ်ဘူး။နှစ်ယောက်ပဲရှိသင့်တဲ့ ချစ်ခြင်းမှာ လူပိုလိုဖြစ်နေတဲ့ တတ်ိယလူက နောက်ဆုံးမှာ အနာကျင်ရဆုံး လူအဖြစ်နဲ့ ကျန်နေခဲ့ရမှာ။တတိယလူဆိုတာ လူနှစ်ယောက်ပေါင်းစည်းမယ့် ချစ်ခြင်းအတွက်၊ အစကတည်းက အပယ်ခံလူသားတစ်ယောက်ပဲ။ဒါကြောင့် အမေက သားကို
ရှေ့မတိုးစေချင်ဘူး။အခု ရပ်နေတဲ့ နေရာလေးမှာပဲ
ရပ်နေစေချင်တယ်။အမေလည်း တေးလေးကို ချစ်ပေမဲ့... ကိုယ့်သား ခံစားနေရတာကိုတော့ မမြင်ချင်ဘူး။မမြင်ရက်နိုင်ဘူးကွယ် "