နတ်ရေးတဲ့ ရွှေဖူးစာ
or ရွှေမင်းသားရဲ့ ကြင်ရာတော်
အခန်း (၂၉)
." ကိုယ် လူသတ်ခဲ့တယ် အလင်္ကာ "
" ရှင်...! "
ဒေါ်အလင်္ကာမေဦးမှာ ကြားလိုက်ရတဲ့ စကားကြောင့် နေရာမှာတင် ကြက်သေ သေသွားခဲ့ရသည်။
မယုံကြည်နိုင်သလို အံ့သြရလွန်းလို့ နူတ်ကနေ စကားလုံးတို့က ထွက်လို့ပင်မလာနိုင်တော့သည်။
ဦးဘောဂ အလွန်တရာတုန်လှုပ်နေတဲ့ မျက်နှာလေးနဲ့ ဘာစကားမှ ဆိုခြင်းမရှိဘဲ... ကြည့်နေတဲ့ ဇနီးသည်၏ အမူအရာကြောင့် ရင်ထဲနင့်နေရ၏။
စိုးထိတ်ခြင်းတွေ၊ထိတ်လန့်ခြင်းတွေ အထင်သားမြင်နေရတဲ့ ဇနီးသည်၏ လက်ဖဝါးလေးတွေကို
ထွေးဆုပ်ကိုင်လိုက်တော့... ခန္ဓာကိုယ်လေးက ဆက်ခနဲ တုန်သွားတာကို သတိပြုမိ၏။ဒါပေမဲ့ ဇနီးသည်က လက်ကို ရုန်းဖယ်ခြင်းတော့မရှိခဲ့...။တဖြေးဖြေးခြင်း အရည်လဲ့လာပါသော မျက်ဝန်းနှင့်သာ ကြည့်လာ၏။
" အလင်္ကာ... "
" ဘာလို့လဲ... ဘာလို့ သတ်တာလဲ "
" ဘယ် ဘယ်သူ့ကို သတ်တာလဲ... "
" အိမ်ရှေ့စံမင်းသားရဲ့ မွေးအမေအရင်း ကို "
" ဘာ! မင်း မင်းသားရဲ့အမေအရင်း ကို... "
ထပ်ကြားရတဲ့ စကားလုံးတွေက ဒေါ်အလင်္ကာမေဦးအတွက် လုံးဝကို အဆင်မပြေတဲ့ စကားလုံးတွေပါပဲ။နှလုံးသားထဲကပင် စူးအောင့်လာ၏။
" ဘာကြောင့်လဲ... ဘာလို့ သတ်ခဲ့ရတာလဲ "
တုန်ယင်လှုပ်ခတ်နေတဲ့ စကားသံတို့ဖြင့် မေးလာတဲ့ ဇနီးသည်၏ မျက်ဝန်းတွေမှာ လဲ့နေတဲ့ မျက်ရည်ကြည်များက တစ်ပေါက်ပေါက်နဲ့ ကျဆင်းလာသည်။
" သတ်ဖို့ လိုအပ်ခဲ့လို့ သတ်ခဲ့တာ "
" အဟင်း သတ်ဖို့လိုအပ်ခဲ့လို့... ရှင်စကားသံက
အေးဆေးလွန်းလှချည်းလား ကိုဘောဂ "" ရှင် သတ်ခဲ့တာ ပုရွက်ဆိတ်ကောင်လေးကို လက်နဲ့ဖိညှစ်ပြီး သတ်ခဲ့တာ မဟုတ်ဘူး။လူတစ်ယောက်ကို သတ်ခဲ့တာ။အဲ့ဒါကို ဘာလို့ နောင်တရတဲ့ အမူအရာတစ်စက်လေးတောင် မရှိဘဲ... အေးအေးဆေးဆေးနဲ့ ပြောနိုင်ရတာလဲလို့! "