Part 10

1.9K 66 1
                                    

          နတ်ရေးတဲ့ ရွှေဖူးစာ

                           or  ရွှေမင်းသားရဲ့ ကြင်ရာတော်

                               

                           အခန်း   (၁၀)
.

" အစ်ကိုကြီး စန္ဒီ့ကို ပြောစရာရှိတယ်ဆိုတာ  ဘာများလဲ... "

" ခွန်းတေးအင်္လကာ က... "

" ခွန်းတေးအင်္လကာ က ဘာဖြစ်လို့လဲ "

" ခွန်းတေးအင်္လကာ အဲ့ကောင်မလေးက သာမာန်မိသားစု က မဟုတ်ဘူး "

" သာမာန်မိသားစု က မဟုတ်ဘူးဆိုတော့... ဘယ်လိုမိသားစုက သမီးလဲ "

" ဂါမဏီမြို့တော်ရဲ့ထိပ်တန်းသူဌေးစာရင်းဝင်
ဘောဂလုပ်ငန်းစုရဲ့ ဆက်ခံသူပဲ "

" ဘာ! ဦးဘောဂရဲ့သမိီး "

" ဟုတ်ပါတယ်။ စုံစမ်းခိုင်းလိုက်တဲ့ လူက သက်သေနဲ့တကွ သေချာ စုံစမ်းလာပါတယ် မိဖုရားကြီး "

" အဲ့တော့ ဘယ်လိုဆက်လုပ်ကြမှာလဲ။မယ်တော်က ခွန်းတေးအင်္လကာ ကို သာမန်အရပ်သူလို့ သိထားတာတောင် သဘောကျနေတာကို၊ဂါမဏိရဲ့
ထိပ်တန်းသူဌေးကြီးရဲ့သမီးဆိုတာသာ သိရင်၊မင်းသားနဲ့ အမြန်ထိမ်းမြားပေးနိုင်တယ်။အဲ့အခါတူမတော် ကြင်ရာတော်နေရာကို ရဖို့ဆိုတာ ဘယ်လိုမှ ဖြစ်နိုင်မှာ မဟုတ်တော့ဘူး "

" မိဖုရာကြီး စိတ်အေးအေးထားပါ။အဲ့လို ဖြစ်လာစရာ အကြောင်းမရှိဘူး "

" အဲ့လိုဖြစ်လာစရာ မရှိဘူးဆိုတော့... အစ်ကိုကြီးမှာ အကြံရှိလို့လား။တစ်ဖက်က မြို့မျက်နှာဖုံး သူဌေးကြီး၊တစ်ဖက်က အိမ်ရှေ့စံနော် "

မိဖုရားကြီး က စိုးရိမ်စိတ်နဲ့ ပြောတော့...

" အိမ်ရှေ့စံဆိုတိုင်း နန်းတွင်းစည်းမျဥ်းတွေကို
မျက်ကွယ်ပြုလို့မရသလို၊ ကြောက်စရာ မလိုပါဘူး မိဖုရားကြီး။နန်းတွင်းရဲ့စစ်တပ်ကို တာဝန်အုပ်ချုပ်နေရတဲ့ သူက ကျွန်တော်ပါ။ဘောဂဆိုတဲ့ ကောင်ကလည်း သူများရှေ့မှာသာ အစွယ်နဲ့နဂါးရိုင်းတစ်ကောင် ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။အမတ်ချုပ်ကြီး ကျွန်တော့်ရှေ့မှာတော့ အဲ့ကောင်
က အစွယ်အချိုးခံထားရတဲ့ ဒဏ်ရာရ နဂါးတစ်ကောင်ပါပဲ။အဲ့ဒါကြောင့် ကြင်ရာတော်နေရာအတွက်ကို စိတ်ပူမနေပါနဲ့။ မိဖုရားကြီး ကို အခုလို လာပြောပြတာကလည်း ခွန်းတေးအင်္လကာနဲ့ပတ်သက်ပြီး သိသင့်တာ သိထားအောင်လို့ လာပြောတာပါ "

နတ်ရေးတဲ့ ရွှေဖူးစာ  Completed  Dove le storie prendono vita. Scoprilo ora