Part 26

1.3K 59 1
                                    

နတ်ရေးတဲ့ ရွှေဖူးစာ

                           or ရွှေမင်းသားရဲ့ ကြင်ရာ​တော်

          အခန်း (၂၆)

.

" အခု ဘာလုပ်နေတာလဲ "

" ဘာလုပ်ရမှာလဲ အလှပြင်နေရတာပေါ့။ညက
လာပြီးတွေ့တာတောင်၊ဘာမှ မပြောဘဲနဲ့ ပြန်သွားတယ်။ဒီမနက်ကျမှ ပြောတော့... တေးက လှလှလေးဖြစ်နေအောင် အမြန်တွေ ပြင်နေရတာပေါ့ "

" အဟင်း ကိုယ်က အိပ်ရာနိုးစ မင်းလေးကိုပျော်သွားစေချင်လို့... တမင် မနက်ခင်းရောက်မှ ပြောတာ။ဘယ်လိုလဲ ကိုယ့်ကြောင့် မင်းလေးရဲ့ မနက်ခင်းလေးက ပျော်စရာကောင်းသွားတယ်မလား... "

" အင်း... ပျော်ရတာထက်၊ကြည်နူးရတယ်လို့ ပြောရင်တော့ ပိုပြီး မှန်လိမ့်မယ် "

" အဟင်း ဟုတ်ပါပြီ၊ခဏနေရင် ကိုယ်တို့ ရောက်တော့မယ်။လှလှလေး ပြင်ပြီးတော့... စောင့်နေနော်
ကိုယ့် ချစ်သူလေး... "

ချိုမြိန်လွန်းတဲ့ အသံဖြင့် ပြောသော မင်းသား၏
စကားကြောင့်၊တေးသည် မျက်လုံးလေးတွေ မှေးကျသွားသည်အထိ ပြုံးလိုက်မိပါ၏။အဲ့နောက်...

" လှလှလေး ပြင်ပြီး၊စောင့်နေမှာမို့လို့... မြန်မြန်သာလာခဲ့ပါတော့... တေးရဲ့မောင်တော် ရွှေမင်းသားလေး " လို့ တေး,က ပြန်နောက်လိုက်သော် အခါ...

" အား... "

ဖုန်းပြောနေချိန် မင်းသားဆီမှ အော်သံကြောင့်...
တေးမှာ မျက်လုံးပြူး၍ လန့်သွားရ၏။

" မင်း  မင်း မင်းသား... ဘာဖြစ်တာလဲ ဟင် "

" ဟက်ထိသွားတာ... "

" အိုး...  မင်းသားကလည်း "

တေး, ရှက်ရွံ့စွာ ပြောတော့...

" တကယ်ပါကွာ... ကိုယ် မင်းလေးအပြောမှာ
ဟက်ထိသွားတာ...။တေးနဲ့အတူရှိတဲ့ အချိန်တာသာ အဲ့လိုလေးတွေ ပြောနေရင် ကိုယ်တော့... နှလုံးငြိမ်ဆေး ကြိုဆောင်ထားမှ ရတော့မယ် "

" အပိုတွေ သိပ်ပြောတာပဲ... မင်းသား က "

" မပိုရပါဘူး ဗျာ... အတည်ပြောတာပါ။ဆယ်မိနစ်လောက်ဆိုရင် မင်းတို့ အိမ်ကို ကိုယ်တို့ ရောက်ပြီ၊
အဲ့ဒါကြောင့် ကိုယ် အခု ဖုန်းချလိုက်တော့မယ် "

နတ်ရေးတဲ့ ရွှေဖူးစာ  Completed  Where stories live. Discover now