နတ်ရေးတဲ့ ရွှေဖူးစာ
or ရွှေမင်းသားရဲ့ ကြင်ရာတော်
အခန်း (၄၂)
." ကုမ္ပဏီအထိ လာပြီး၊ ဖေကြီးကို ကြည့်ရှူပေးလို့
ကျေးဇူးတင်ပါတယ် ဆရာကြီး "" ရပါတယ် သမီးတေး။ဆရာကြီး ပြန်တော့မှာမို့
သမီးအဖေအနားမှာ သွားနေလိုက်ပါ "" ဟုတ်ကဲ့ ဆရာကြီး "
တေး, မင်းသားကြောင့် မျက်နှာမှာ ဒဏ်ရာရသွားတဲ့ ဖေကြီးကိုလာကြည့်ပေးတဲ့ မိသားစုဆရာဝန်ကြီး ပြန်မယ့် ကားပေါ်ကိုတက်သည်အထိ စောင့်ပေးလိုက်သည်။ပြီးမှ ဖေကြီးရှိရာ ရုံးခန်းဆီပြန်ခဲ့လိုက်သည်။
" ဟင်! "
ဆရာဝန်ကြီး၏ ကားထွက်သွားလို့...
တေး, ကားပါကင်ကနေ ကုမ္ပဏီထဲပြန်လာနေစဥ်...
မင်းသားရဲ့ကားကို ကားပါကင်ထဲမှာ တွေ့လိုက်ရတာကြောင့် ခြေလှမ်းတွေက တုံ့ခနဲရပ်တန့်သွားခဲ့သည်။ကားထဲကိုလှမ်းကြည့်လိုက်တော့...
မင်းသားကိုတစ်ယောက်တည်းတွေ့ရသည်။ကားမောင်းသူနေရာမှာ မင်းသားကလွဲပြီး ဘယ်သူကိုမှ မတွေ့တာကြောင့် တေး, ထိုနေရာကို လျှောက်သွားလိုက်သည်။မင်း က ကိုယ့်ကို အပြတ်ဖြတ်ပစ်နိုင်သလို၊ ကိုယ်လည်း မင်းကိုအပြတ် ဖြတ်ပစ်ရတော့မလား တေး။
အခုထိတော့ ကိုယ့်စိတ်က မင်း ကို မဖြတ်နိုင်သေးဘူး။
မဖြတ်နိုင်လို့ မင်းနဲ့ ရှေ့ဆက်သွားဖို့ဆိုတာလည်း
မဖြစ်နိုင်ပြန်ဘူး။တေး, ကိုယ် ဘယ်လိုဆက်လုပ်ရမလဲ။တကယ်ကို
လမ်းစပျောက်နေပြီ၊ ကိုယ် ဘာလုပ်လို့ လုပ်ရမလဲဆိုတာ စဥ်းစားလို့ကိုမရတော့ဘူး။မင်းလေးကတော့ ဒီဆွဲကြိုးလေးကိုတောင် တွေဝေခြင်းမရှိနဲ့ ဆွဲဗြုတ်ပစ်နိုင်လိုက်တာ။ကိုယ်လည်း
မင်းလေးလိုမျိုး ပြတ်နိုင်ချင်လိုက်တာ။" ဒေါက် ဒေါက် ဒေါက် "
သူမအေဖနှင့် တပွဲနွှဲပြီး ထွက်လာကတည်းက
ကားပါကင်ကနေ မပြန်နိုင်သေးဘဲ... ဆွဲကြိုးအပြတ်လေးနှင့် တစ်ယောက်တည်း အတွေးနှယ်ချဲနေမိစဥ်...