နတ်ရေးတဲ့ ရွှေဖူးစာ၆၂
or ရွှေမင်းသားရဲ့ ကြင်ရာတော်
အခန်း (၆၂)
." မဟော်စျာန်! မင်းရဲ့ ခြေလှမ်းတွေ အခု ရပ်လိုက်! "
မင်းသား၏ တားဆီးစကားသံကြောင့် စျာန့်,နူတ်ခမ်းပါးက ထောင့်စွန်းတစ်ဖက်ဆီကို မြင့်တက်သွားလေသည်။" ဘာလို့လဲ... ကျွန်တော် က အပြစ်သားမို့လို့လား...
ကျွန်တော် က အပြစ်သားဖြစ်ခဲ့မယ်ဆိုရင်တောင်
ကိုယ်လုပ်ချင်တဲ့ အရာကိုတော့... လုပ်ရမှာပဲ "" မဟော်စျာန်! "
စျာန့်,နာမည်ကို ထပ်ခေါ်လိုက်တဲ့ မင်းသား၏ ဒေါသမာန်ပါသော ခေါ်သံက... ရှေ့တိုးသွားဖို့ ဟန်ပြင်နေတဲ့ စျာန့်ရဲ့ခြေလှမ်းတွေကို ရပ်တန့်သွားစေသည်။
ချစ်ရသူအနားကို သွားဖို့ ရပ်တန့်လိုက်တာသည်
မင်းသားကိုကြောက်လို့တော့ မဟုတ်။ချစ်ရသူ
အနားကို မသွားသင့်တော့ဘူးလို့ ထင်မိတာကြောင့်ပင်။ဘာလို့ မသွားသင့်တာလဲဆိုရင် ချစ်ရသူအနားမှာ နေနိုင်ခွင့်မရှိတဲ့ ကိုယ့်ထက်၊ချစ်ရသူကို တစ်သက်လုံး ကာကွယ်စောင့်ရှောက်ပေးနိုင်တဲ့ မင်းသားကသာ ချစ်ရသူကို နှစ်သိမ့်ပေးသင့်တယ်လို့ ထင်မိတာကြောင့်ပဲ... ခြေလှမ်းတွေကို ရပ်ပစ်လိုက်တာပဲ ဖြစ်သည်။စျာန်,အရှူံးသမားတစ်ယောက်၏ ခံစားချက်ဖြင့် မင်းသားရှိတဲ့ နောက်ဘက်ကို ပြန်လှည့်လိုက်ပြီး...
" ကျွန်တော် မင်းသားကိုအရှူံးပေးတာ မဟုတ်ပါဘူး။ကျွန်တော် မလုပ်နိုင်တော့တဲ့ အရာကို မင်းသားကပဲ လုပ်နိုင်လို့... တမင်နောက်ဆုတ်ပေးတာပါ။ဒါကြောင့် မင်းသားကပဲ ကျွန်တော် ကာကွယ်ပေးချင်တဲ့ အရာတိုင်းကို ကာကွယ်စောင့်ရှောက်ပေးပါ "
" မင်း မပြောလဲ ငါကာကွယ်ရမယ့် အရာတိုင်းကိုကာကွယ်စောင့်ရှောက်မှာ။ဘယ်သူ့ကိုမှ ငါ တန်ဖိုးထားတဲ့ အရာတိုင်းကို လာဖျက်ဆီးခံမှာ မဟုတ်ဘူး။အဲ့ဒါကြောင့် ငါ့ကို ကြာပုတီးနဲ့အတူ ပေးခဲ့တဲ့ စာထဲကအတိုင်း မင်းဘက်က ကတိတည်ပါစေ "
" ဒီလိုနေရာမှာ ဒီလိုအခြေအနေကိုရောက်နေတာတောင်၊ မင်းသား က ကျွန်တော့်ကို မယုံကြည်နိုင်သေးဘူးလား "