Part 32

1.2K 54 1
                                    

နတ်ရေးတဲ့ ရွှေဖူးစာ

                           or ရွှေမင်းသားရဲ့ ကြင်ရာ​တော်

          အခန်း (၃၂)
.

" မင်း ဘောဂရဲ့သမီးနဲ့ ခပ်ဝေးဝေးနေစမ်း မဟော်စျာန် "

" အဟင်း ကျွန်တော့်ကို ရှိတယ်လို့တောင် မထင်ထားတဲ့ လူက၊ရုတ်တရက်ကြီး ကျွန်တော့်ဆီ ရောက်လာပြီး အမိန့်တွေပေးနေပါလား... "

" ဘယ်လိုလုပ်မလဲ ကျွန်တော် ခင်ဗျား စကားကို နားထောင်မှာ မဟုတ်ဘူး "

ကိုယ့်အပေါ်မှာ သူ့မိခင်နဲ့ပတ်သက်ပြီး၊နာကျည်းမှုက ပြင်းထန်းလွန်းတဲ့... သားက ကိုယ့်စကားကို အလွယ်တကူ နားထောင်မည်မဟုတ်တာကို အမတ်ချုပ်ကြီး က သိပြီးသား ဖြစ်သည်။

ထို့ကြောင့် အေးစက်စက်ပုံစံနဲ့ သားဖြစ်သူ၏
မျက်လုံးတွေကို သေချာစိုက်ကြည့်လိုက်ပြိီး...

" မင်းအဖေ ငါက မလုပ်ချင်ရင်၊အားလုံးကို ဥပေက္ခာပြုပေးထားတတ်တယ်။လုပ်မယ်လို့ဆုံးဖြတ်ထားရင်၊သွေးသားရင်းကိုလည်း ငဲ့ညှာတတ်တာ မဟုတ်ဘူး။အဲ့ဒါကြောင့် စကားနဲ့ အေးအေးဆေးဆေး ပြောနေတုန်းမှာ နားထောင်လိုက် မဟော်စျာန် "

" ကျွန်တော် အမိန့်တွေ မပေးခံရတာကို မုန်းတယ်။ခင်ဗျား က ပေးတဲ့ အမိန့်တွေကိုဆိုရင် ပို့လို့တောင်
မုန်းသေးတယ် "

" မင်း ငါ့ကို မုန်းချင်ရင် မုန်း၊ဒါပေမဲ့ ဘောဂသမီးနဲ့ရော၊ဘောဂမိသားစုရော လုံးဝ မပတ်သက်ရဘူး "

ခွန်းတေးရဲ့အဖေကလည်း မင်းသားနဲ့ခွန်းတေး ကို
မပတ်သက်ဖို့ တားဆီးနေသလို... ကိုယ့်အဖေကပါ
ခွန်းတေးနဲ့ မပတ်သက်ဖို့ တားဆီးလာတာမို့... လူကြီးတွေကြားမှာ တစ်ခုခုရှိနေတယ်ဆိုတာ စျာန် သိလိုက်သည်။

" ဘာကြောင့် မပတ်သက်ခိုင်းရတာလဲ "

" အကြောင်းအရင်းတွေ၊မေးခွန်းတွေ မထုတ်ဘဲနဲ့
ပြောတာကိုသာ နားထောင်စမ်း မဟော်စျာန် "

" အကြောင်းအရင်းကို သိရင်တောင်၊ခင်ဗျား စကားကို နားထောင်ဖို့ တစ် ရာခိုင်နှုန်းတောင် မသေချာတာကို... အကြောင်းအရင်းကို မသိရတဲ့ စကားကို နားထောင်ဖို့ဆိုတာ... ပိုလို့တောင် ဝေးသေးတယ် "

နတ်ရေးတဲ့ ရွှေဖူးစာ  Completed  Where stories live. Discover now