Part 60

1.3K 32 4
                                    

           နတ်ရေးတဲ့ ရွှေဖူးစာ

                           or ရွှေမင်းသားရဲ့ ကြင်ရာတော်

          အခန်း (၆၀)
.

" ဟင်... သား ငါ့သားလေး မရှိတော့ဘူး။သားရယ်
အမေ့မှာ သားပဲရှိတာကို... သား က အမေ့ကိုထားခဲ့တာလားကွယ်... "

ဒေါ်နမ်းပန်းဆမ် အိပ်ရာကနေနိုးထလာတဲ့အခါ...
ညက အတူရှိနေခဲ့တဲ့ သားကိုဘေးနားမှာရော၊အိမ်ထဲမှာပါ မတွေ့ရတော့တာကြောင့် စိတ်မကောင်းဖြစ်သွားရသည်။

မသွားဖို့ အတန်တန်တားပါလျက်နဲ့ ဇွတ်ထွက်သွားတဲ့ သားကိုတော့ စိတ်မဆိုးရက်ပါဘူး။တစ်ဖက်လူက အဖေဖြစ်သူ ဖြစ်နေတာ မဟုတ်လား။သူ့အဖေအတွက် သားက သူလုပ်ပေးနိုင်တာကို လုပ်ပေးချင်ရှာမှာပေါ့လေ။

ဒေါ်နမ်းပန်းဆမ်မှာ သားကိုစိတ်မဆိုးရက်တာမို့...
ကိုယ့်ဟာကိုသာ ဖြည့်တွေးလိုက်သည်။စိတ်ထဲမှာလဲ လေးလံနေတာမို့... ကိုယ်လက်သန့်စင်ကာ၊မျက်နှာသစ်ပြီးတာနဲ့ ဘုရားခန်းတန်းဝင်ပြီး၊သားဘေးအန္တရာယ်ကင်းရှင်းစေဖို့ ဆုတောင်းမေတ္တာပို့သနေမိသည်။

..........

" အားလုံး နေရာအသင့်ယူထားပြီးပြီမလား "

" ဟုတ်ကဲ့ မင်းသား "

" ဘယ်ရှူထောင့်ကနေမှ လွတ်ထွက်မသွားအောင်
သေချာစောင့်ကြည့်ခိုင်းထား အားလုံးကို... "

" ဟုတ်ကဲ့ မင်းသား "

ဒီပ, ကိုယ်ရံတော်တပ်မှူးနောင်ခ,ကို အမိန့်သာပေးနေတာ။တကယ်တော့ စိတ်ထဲမှာ တစ်စုံတစ်ယောက်အတွက် စိတ်မကောင်းဖြစ်နေရသည်။

သိပ်မကြာခင်ကမှ ရောက်လာတဲ့ မက်ဆေ့တစ်စောင်ထဲက အတိုင်းသာ ဒီနေ့မှာ တကယ်ဖြစ်လာခဲ့ရင်၊ခင်မင်မှုဆိုတဲ့ ကြိုးကို ဒီပ,ကိုယ်တိုင် ဖြတ်တောက်ပစ်ရမယ့်... အခြေအနေကို ရောက်နေရတာမို့... ရင်ထဲမှာ ဘယ်လိုမှကို အဆင်ပြေမနေ။

ချစ်ရသူအကြောင်း တွေးမိပြန်ရင်လည်း ရင်ထဲမွန်းကြပ်မှုက စိတ်ကိုထွေးပြားစေပြန်တယ်။အခုချိန်မှာ
ဘယ်သူ့ဘက်ကို ကြည့်ကြည့်၊အားလုံးက လမ်းဆုံးအထိကို ရောက်အောင်လျှောက်ထားကြတဲ့ သူတွေချည်းပဲဖြစ်လို့... ဘယ်သူ့ကိုမှ သက်ညှာ၊ငဲ့ညှာပေးလို့လည်းမရတော့သည်။

နတ်ရေးတဲ့ ရွှေဖူးစာ  Completed  حيث تعيش القصص. اكتشف الآن