နတ်ရေးတဲ့ ရွှေဖူးစာ
or ရွှေမင်းသားရဲ့ ကြင်ရာတော်
အခန်း (၁၈)
.ကိုယ့်ရှေ့မှာ တသိမ့်သိမ့်ရှိုက်ငိုနေတဲ့ သူမကို
အခန်းထဲရှိ ခုံတစ်၌ ထိုင်စေလိုက်သည်။ပြီးမှ သူမရှေ့၌ ဒူးနှစ်ဖက်ထောက်၍ ထိုင်ချကာ... သူမ၏ လက်ဖဝါးနုနုလေး နှစ်ဖက်ကို ဆုပ်ပြီး..." ကိုယ် က ဘယ်လိုများ မင်းကို ငိုအောင် လုပ်လည်းဆိုတာ ပြောပြပါအုံး "
" ဟင့် မင်း မင်းသား က တေးကြောင့် ဒဏ်ရာရသွားတာလေ။တေး မင်းသားဆီလာတာ၊စောနက
သမားတော်က ဆေးထည့်နေတာ၊မင်းသားက အံကြိတ်ပြီး ငြိမ်ခံနေတာလေ။တေး တေး က အဲ့ဒါကိုကြည့်ပြီး စိတ်မကောင်းဖြစ်ရတယ် "" အာ့ကြောင့် ငိုတာပေါ့ "
" အင်း "
ခေါင်းလေးငုံ့လျက်ကနေ ခေါင်းငြိမ့်ပြတဲ့ သူမ၏
အဖြေစကားလုံးလေးတွေကြောင့် ကြည်နူးစွာဖြင့် ပြုံးမိ၏။အဲ့နောက် သူမ ပခုံးနှစ်ဖက်ကို ခပ်ဖွဖွလေးကိုင်ကာ..." ဒဏ်ရာက မင်းကြောင့် ရတာ မဟုတ်ပါဘူး။မတော်တဆဖြစ်လို့ ရသွားတာပါ။ပြီးတော့ ဒဏ်ရာက မကြီးသလို၊နာလည်းမနာပါဘူး။အဲ့ဒါကြောင့် စိတ်မကောင်းမဖြစ်နဲ့ "
" ဒဏ်ရာက ကြီးပါတယ်။ဆေးထည့်နေတုန်းက
တေး တွေ့လိုက်ပါတယ် "ခေါင်းလေးငုံမြဲဖြင့်၊အသံအတိမ်တိမ်လေးနဲ့ သူမက ပြောလာတာမို့... တကယ်စိတ်မကောင်း ဖြစ်နေမှန်း သိလိုက်ရ၏။
ဒီပ,အရည်ကြည်တွေလဲ့နေတဲ့ သူမမျက်နှာလေးကို မေးဖျားကနေ မယူပြီး ကြည့်လိုက်သည်။ခပ်ညိုးညိုးမျက်နှာလေးကြောင့် ကိုယ်ပါ စိတ်မကောင်းဖြစ်မိရ၏။
" ဒဏ်ရာက ကိုယ့်အတွက် သေးငယ်လွန်းပါတယ်။ပြီးတော့... ကိုယ် တကယ် အဆင်ပြေပါတယ်။မင်းကိုယ် မင်း အပြစ်တင်မနေပါနဲ့ "
သူမကိုယ်လေးကို ရင်ခွင်ထဲဆီ ထွေးဖက်ရင်း
ပြောလိုက်တော့...၊ရှိုက်လိုက်တိုင်း တုန်ယင်သွားတဲ့ သူမကိုယ်လေးက ပိုပြီးတော့...၊တုန်ယင်လာသည်။စိတ်မကောင်းဖြစ်နေတဲ့ သူမကျောပြင်ကို အသာပုတ်၍ နှစ်သိမ့်ပေးမိသည်။