Part 67

732 19 0
                                    

              နတ်ရေးတဲ့ ရွှေဖူးစာ

                           or ရွှေမင်းသားရဲ့ ကြင်ရာတော်

          အခန်း (၆၇)
.

" မမလေး အစ်မကြီးဆီသွားရင်းနဲ့ သခင်လေးစျာန် ကိုပါဝင်ကြည့်ခဲ့ပါလား။ဒီမနက်အထိ သတိပြန်မရသေးဘူးလို့ ပြောတယ် "

" တေးက အဲ့လူကို ဘာအတွက်ဝင်တွေ့ရမှာလဲ
ဦးလေးဟန် "

" ဟင်... "

ခံစားချက်မဲ့နေတဲ့ မျက်ဝန်းလေးတွေနှင့် ကြည့်ပြီး
ပြန်မေးခွန်းထုတ်လာတဲ့ မမလေးကြောင့်... ဦးဟန်မှာ ရုတ်တရက် ကြောင်အသွားရသည်။

" သခင်လေးစျာန် အခုထိသတိပြန်မရသေးတာက သေနတ်ဒဏ်ရာကြောင့်တင်မဟုတ်ဘူး။မမလေးအဖေ၊အစ်ကိုကြီးကို အချုပ်ခန်းကနေ ကယ်ထုတ်ပေးဖို့လုပ်ရင်းက အဆိပ်မိသွားခဲ့တာပါ။မမလေးမှတ်မိမှာပါ။အစ်ကိုကြီးကို အချုပ်ခန်းထဲကနေ ကယ်ထုတ်ပေးနိုင်ဖို့... အဲ့ညက သခင်လေးစျာန် အိမ်ရှေ့စံမင်းသားရဲ့ သွေးနဲ့ အမတ်ချုပ်ကြီးဆီမှာ အလဲအလှယ် လုပ်ခဲ့တာကို​လေ။အဲ့သွေးကို အမတ်ချုပ်ကြီးက သခင်လေးစျာန် ကို... "

" ဆက်မပြောနဲ့တော့! ဘာကိုမှတ်မိဘူး။
မနေ့ညကအထိ ဖြစ်ပျက်ခဲ့တဲ့ အရာအားလုံးကို
တေးမေ့ပစ်လိုက်ပြီ။တေးဘဝရဲ့အစက ဒီနေ့ပဲ။ဒါကြောင့် တေးဘဝရဲ့အတိတ်ကိုထပ်ပြီး မတူးဆွပါနဲ့။တေးအခုဆေးရုံကိုသွားမယ်။မေကြီးကိုအိမ်ပြန်ခေါ်လာလို့ရမရဆိုတာကို ဆရာဝန်နဲ့တွေ့ပြီး စကားပြောမယ်။ပြီးရင် ကုမ္ပဏီကို ဝင်မယ်။ဒီရက်ထဲမှာ ဟစ်နေခဲ့တာတွေကို အကုန်ပြန်လုပ်ရမယ်။
ကုမ္ပဏီပိုင်းကို တေးကသိပ်မကျွမ်းသေးတာမို့..
ဦးလေးဟန် က တေးကိုအများကြီး ကူပေးရမယ်။
တေးသွားတော့မယ်။ကုမ္ပဏီမှာတွေ့မယ် "

" ဟုတ်ကဲ့ မမလေး "

အိမ်ရှေ့စံမင်းသားရဲ့အကြောင်းကိုတင် အပြောမခံတာ မဟုတ်ဘဲ... သခင်လေးစျာန်အကြောင်းကိုပါ
မမလေးက အပြောမခံပေ။

နှစ်ယောက်လုံးက မမလေးချစ်ခင်နှစ်သက်ရတဲ့သူတွေဖြစ်ပေမဲ့လည်း အခုချိန်မှာတော့... နှစ်ယောက်လုံးက မမလေးရဲ့စိတ်နှလုံးကိုနာကျင်စေရတဲ့သူတွေဖြစ်နေပေသည်။

နတ်ရေးတဲ့ ရွှေဖူးစာ  Completed  Where stories live. Discover now