Part 45

1K 39 0
                                    

နတ်ရေးတဲ့ ရွှေဖူးစာ

                           or ရွှေမင်းသားရဲ့ ကြင်ရာ​တော်

          အခန်း (၄၅)
.

" ဘာ! မဖြစ်နိုင်တာ... ဖေကြီး က ကုမ္ပဏီမှာရှိနေတာပဲကို "

တေး,သည် ဖေကြီး ပျောက်နေတယ်ဆိုတဲ့ စကားကို ယုံကြည်ဖို့ ခက်ခဲနေသည်။ဘာကြောင့်ဆို ညနေကတောင်မှ တေးနဲ့စကားပြောခဲ့သေးတာပဲ။ပြီးတော့ ဖေကြီးက ကုမ္ပဏီမှာပဲ နေနေတာကို ပျောက်စရာအကြောင်းမှ မရှိတာ။

ဦးဘောဂ, ဒီညနေမိုးချုပ်စလောက်ကမှ ပျောက်သွားတာကို သိသိရချင်း စျာန်,တောင်မှ မယုံနိုင်ဖြစ်ရသေးတာ... ခွန်းတေး,မယုံဘူးဖြစ်နေတာက အဆန်းတော့ မဟုတ်ပေ။

" မင်း မယုံနိုင်ဖြစ်နေတာကို နားလည်ပါတယ်။ဒါပေမဲ့ မင်းအဖေ ရုတ်တရက်ကြီး ပျောက်သွားတာတော့ အမှန်ပဲ။ငါတောင်မှ ဦးဟန် က ဖုန်းဆက်လာလို့ သိရတာ။မင်း အဖေကို ရှာဖို့ ငါတို့ စကားပြောဖို့ လိုတယ်။အဲ့ဒါကြောင့် အိမ်ထဲအရင်ဝင်ကြရအောင်
ခွန်းတေး "

စျာန်, မိုးရေတေစိုနေတဲ့ ခွန်းတေး,ကို လက်တစ်ဖက်ကိုင်ပြီး... အိမ်ထဲကို ခေါ်လာခဲ့လိုက်သည်။

" သမီး ပြန်လာပြီးလား။မိုးတေလည်း စိုရွဲလို့ပါလားကွယ်။အဝတ်စား အမြန်သွားလဲလိုက်နော် သမီး "

ရုတ်တရက် ပျောက်သွားတဲ့ ခင်ပွန်းသည်အတွက် ခေါင်းမီးတောက်မတတ် ပူလောင်နေရချိန်၊တစ်ညနေလုံး ဖုန်းဆက်မရဖြစ်နေတဲ့ သမီးလေးရဲ့ အိမ်ပြန်လာတဲ့ ပုံစံလေးက... လေကြမ်းကြမ်းထိရင်တောင် ပြိုလဲကျတော့မယောင် ဖြစ်နေတာမို့...
ရင်ထဲ၌ မကောင်းဖြစ်ရ၏။

" သားစျာန် ထိုင်ပါအုံးကွယ်။ဒီအချိန်ကြီးမှာ လာပေးလို့ တကယ်ကို ကျေးဇူးတင်ပါတယ်ကွယ်။အန်တီလည်း ဘာလုပ်ရမှန်း မသိဖြစ်နေလို့... မောင်ဟန့်ကို သားဆီ ဖုန်းဆက်ပြီး ပြောခိုင်းလိုက်ရတာ။သမီးဆီလည်း ဖုန်းကဆက်မရဖြစ်လို့လေ။သားစျာန် ကို အနှောက်အယှက်ပေးသလိုများ ဖြစ်ရင်၊ အန်တီက အားနာစွာနဲ့ တောင်းပန်ပါတယ်ကွယ် "

သမီးလေး သူ့အခန်းဆီတက်သွားတော့... အနားမှာ ရပ်နေတဲ့ သားမဟော်စျာန်, ကို စကားပြောရသည်။

နတ်ရေးတဲ့ ရွှေဖူးစာ  Completed  Wo Geschichten leben. Entdecke jetzt