နတ်ရေးတဲ့ ရွှေဖူးစာ
or ရွှေမင်းသားရဲ့ ကြင်ရာတော်
အခန်း (၂၁)
.
ကျွန်တော်် ဒီနေ့တော့ ခါတိုင်းလို မယ်တော့်ဆီ တစ်ယောက်တည်း လာတာ မဟုတ်ပါဘူး။မယ်တော်နဲ့ တွေ့ပေးချင်တဲ့ တစ်ယောက်သောသူနဲ့ လာခဲ့တာပါ။သူ့နာမည်က ခွန်းတေးအလင်္ကာ လို့ ခေါ်ပါတယ်။မကြာခင်မှာ သားတော်လက်ထပ်တော့မယ့် ကြင်ရာတော်လောင်းလျာလေးပါ။မယ်တော်လည်း သဘောကျလိမ့်မယ်လို့ ထင်မိပါတယ်။
သူမကို ကျွန်တော် ဖွင့်မပြောရသေးသလို၊လက်ထပ်ခွင့်လည်း မတောင်းရသေးပါဘူး။ဒါပေမဲ့ လက်ထပ်ခွင့်တောင်းတော့မှာမို့လို့...
မယ်တော့်ဆီက ကောင်းချီးပေးမူ့ကို လိုချင်ပါတယ်။အဲ့ဒါကြောင့်ပဲ ဒီနေ့ မယ်တော့်ဆီ သူမကို
ကျွန်တော် ခေါ်လာခဲ့ရတာပါပဲ။ကျွန်တော်တို့ကို
ကောင်းမွန်တဲ့ ဆုလာဘ်တွေပေးပါ မယ်တော်။" တေး မယ်တော့်ကို နူတ်ဆက်လိုက်ပါ "
" အင်း "
မင်းသားက အုပ်ဂူရှေ့ကနေ ဒူးထောက်ပြီး၊နူတ်ခမ်းလှုပ်ရုံလေး တီးတိုးစကားတွေ ဆိုပြီးနောက်၊
နောက်နားမှာ ရပ်နေတဲ့ တေး,ရဲ့ဘေးမှာ လာရပ်ရင်း ပြောသည်။တေးလည်း မင်းသား မယ်တော်ရဲ့ အုပ်ဂူရှေ့နားကိုတိုး၍ ခြေစုံရပ်ကာ၊လက်ဖဝါး နှစ်ဖက်ကို ယှက်ထပ်၍ ကိုင်ပြီး..." မင်္ဂလာပါ မိဖုရားကြီး။ခွန်းတေးအလင်္ကာလို့
ခေါ်ပါတယ်။မင်းသား ခေါ်လာလို့ ဒီနေရာကို ရောက်လာခဲ့ရပါတယ်။မိဖုရားကြီး တေးလာတာကို သဘောကျမယ်လို့ ထင်မိပါတယ်။တေးလည် း မိဖုရားကြီးကို တွေ့ရတာ ဝမ်းသာပါတယ် "" ကိုယ့်မယ်တော် က မင်းကို သဘောကျမှာပါ "
" မင်းသား က ဘယ်လိုသိတာလဲ "
" မင်းမှာ တွေ့တာနဲ့ ချစ်ခင်မိစေတဲ့ အစွမ်းရှိတယ်လေ "
" အဟင်း အဲ့ဒါတော့ ဟုတ်လောက်တယ်။တေးနဲ့
သိကြတဲ့ သူတိုင်း တေးကို ခင်ကြတယ်။ပြီးတော့
ပြောကြသေးတယ်။တေးက ချစ်မွှေးပါတယ်တဲ့ "