နတ်ရေးတဲ့ ရွှေဖူးစာ
or ရွှေမင်းသားရဲ့ ကြင်ရာတော်
အခန်း (၁၁)
." ခွပ်! မင်း က ငါ့ကိုကျော်ပြီး၊အထက်ကို တက်ချင်နေတာလား ဘောဂ! "
ရောက်တာနဲ့ တန်းအထိုးခံရပြီး၊ဒေါသတကြီးပြောဆိုတာကို ခံလိုက်ရတာမို့... သူဌေးကြီးဦးဘောဂမှာ ခံရခက်သွား၏။
" အမတ်ချုပ်ကြီး ဘာကိုသိထားတယ် မသိပေမယ့် ကျွန်တော် အမတ်ချုပ်ကြီးကို ကျော်ဖို့အတွေးကို တွေးတောင် မတွေးခဲ့ဖူးပါဘူး "
" မတွေးခဲ့ဘူးဆိုရင် ဘာလို့ နိုင်ငံခြားကိုပို့ထားတဲ့
သမီးကိုပြန်ခေါ်ပြီး၊အိမ်ရှေ့စံဘေးကို ပို့ရတာလဲ။မင်းရဲ့သမီး အိမ်ရှေ့စံရဲ့ကြင်ရာတော်ဖြစ်သွားရင်၊ငါ့ကို ဦးညွတ်နေစရာမလိုဘူးလို့ မင်း က ထင်နေတာလား! "" ကျွန်တော့််သမီးကို အိမ်ရှေ့စံဘေးကို ပို့တယ်ဆိုတဲ့စကားက ဘာကိုပြောတာပါလဲ အမတ်ချုပ်ကြီး။ကျွန်တော် တကယ် နားမလည်တာမို့ပါ "
" မင်း မသိတာလား... တမင် မသိချင်ဟန်ဆောင်နေတာလား။အေး... မင်း မသိဘူးဆိုရင်တောင်
မင်းသမီးရဲ့လုပ်ရပ်က မင်းလုပ်တာနဲ့ အတူတူပဲကွ "" ကျွန်တော့် သမီး က ဘာများလုပ်လို့ပါလဲ "
" ငါ့သမီးနဲ့ အိမ်ရှေ့စံကို ထိမ်းမြားပေးဖို့ အရှင်မင်းကြီးတို့နဲ့ စကားပြောတဲ့ နေ့က... မင်းရဲ့သမီးက အိမ်ရှေ့စံနဲ့အတူ ပါလာတယ်။အိမ်ရှေ့စံနဲ့မင်းရဲ့သမီးက ချစ်သူတွေဆိုပြီး ပြောလို့... ငါတို့သားဖမှာ မျက်နှာပျက်ပျက်နဲ့ ပြန်လာခဲ့ရတယ်။အခုလည်း မင်းရဲ့သမီးက နန်းတော်ထဲမှာ နေနေရတယ်။အဲ့ဒါတောင် မင်း က ဘာမှမသိတဲ့
ပုံစံဖမ်းပြနေတယ်။ငါက မင်းကို လုံးဝ အယုံအကြည် မရှိတော့ဘူး ဘောဂ "အမတ်ချုပ်ကြီး၏ အယုံအကြည် မရှိတော့ဘူးဆိုတဲ့ စကားက... သူဌေးကြီးဦးဘောဂကို အရမ်းတုန်လှုပ်သွားစေသည်။ချက်ချင်းဆိုသလိုပင် အမတ်ချုပ်ကြီးရှေ့မှောက်၌ ဒူးနှစ်ဖက်ထောက်ချလိုက်တဲ့ သူဌေးကြီးဦးဘောဂ။