Part 55

775 19 0
                                    

               နတ်ရေးတဲ့ ရွှေဖူးစာ

                           or ရွှေမင်းသားရဲ့ ကြင်ရာ​တော်

          အခန်း (၅၅)
.

" မင်းသား က အဖေ့ကို ဖမ်းဖို့လာမှာပါ။ဒါကြောင့်.
ကျွန်တော်တို့ ဒီကနေရှောင်တိမ်ရပါမယ် "

" ရှောင်တိမ်ရမယ်။ငါက ဘာလို့လဲ... ပြီးတော့ မင်းကရော ဘာလို့ ရုတ်တရက်ကြီး ငါ့ကိုအဖေလို့လာခေါ်နေရတာလဲ။ငါ့ကို မင်းအမေကြောင့်မုန်းတီးနေတာ မဟုတ်လား "

" အမေနဲ့ပတ်သက်ရင် အဖေ့ကိုမုန်းတယ်။တခြားသူတွေနဲ့ပတ်သက်ရင်းတော့... အဖေ့ကိုကျွန်တော်က ကာကွယ်ပေးရလိမ့်မယ် "

" ဘာကြောင့်လဲ "

" ကျွန်တော် က အဖေ့ရဲ့သားဖြစ်သလို... အဖေက
ကျွန်တော့်ရဲ့အဖေဖြစ်လို့ပါပဲ "

ထိုစကားကိုဖြေရတာ စျာန့်,နှလုံးသားတို့ နာကျင်ရပါ၏။

အမတ်ချုပ်ကြီးကတော့ သားဖြစ်သူ၏ စကားကို
နှစ်ကြိုက်၍ သဘောအကျကြီး ကျသွားလေ၏။

" အဲ့တော့ မင်းက ငါ့ကို ဘယ်လိုလုပ်စေချင်လဲ "

" မင်းသား အလွယ်တကူ ရှာလို့မတွေ့လောက်မယ့်
နေရာမှာ ခဏလောက် အဖေ့ကိုရှောင်တိမ်းနေစေချင်တယ် "

" ဒါဆို မင်းသားရှာမတွေ့နိုင်အောင် အဖေ က ဘယ်လိုနေရာမှာ ရှောင်နေသင့်လဲ ငါ့သား "

အမတ်ချုပ်ကြီးယက္ခသည် သားဖြစ်သူအား အကဲစမ်းသည့်အနေဖြင့် မေးလိုက်ချင်းပေ။

မုန်းတီး၊နာကျည်းနေမိတဲ့ အဖေ့ဆီကနေ သားလို့အခေါ်ခံရတာလောက် စျာန့်အတွက် အသည်းနာတာမရှိ။

မမြင်၊မတွေ့ချင်လောက်တဲ့အထိ မုန်းတီးနေပြီး၊ဒီအဖေရဲ့သားဖြစ်နေရတဲ့ ကိုယ့်ကိုယ်ကိုယ်လည်း စိတ်ပျက်မိ၏။ ချစ်ရတဲ့သူတွေအတွက်၊ဒီအဖေအနားမှာ စျာန်ရှိနေတာက အားလုံးကိုကာကွယ်ရာရောက်တာမို့... တခြားရွေးချယ်စရာမရှိပေ။

စျာန် ပင့်သက်ကို မောလျစွာနဲ့ ရှိူက်ကာ...

" ကျွန်တော့်မှာတော့ အဖေရှောင်ပုန်းဖို့အတွက် လုံခြုံလောက်တဲ့ နေရာမျိုးတော့မရှိဘူး။အဖေ့မှာ
ရှောင်ပုန်းဖို့ နေရာရှိရင်တော့... အဲ့နေရာကို ရွေးချယ်တာက ပိုပြီးတော့ ကောင်းလိမ့်မယ်။ပြီးတော့ အဖေက ကျွန်တော့်ထက် မင်းသားအလွယ်တကူရှာမတွေ့နိုင်အောင် ရှောင်ပုန်းနိုင်လိမ့်မယ်လို့ထင်တယ် "

နတ်ရေးတဲ့ ရွှေဖူးစာ  Completed  Where stories live. Discover now