နတ်ရေးတဲ့ ရွှေဖူးစာ
or ရွှေမင်းသားရဲ့ ကြင်ရာတော်
အခန်း (၃၁)
." တေး ကို လွှတ်ပေး၊ တေး မင်းသားနဲ့ စကားချင်တယ် "
" မရပါဘူး မမလေး။ကားပေါ်ကိုပဲ တက်ရပါမယ် "
ကျောင်းထဲကနေ ထွက်လာတာနဲ့ ဦးလေးဟန်၏
တားဆီးခြင်းကို ခံရတဲ့ တေး။တစ်ဖက်မှာလည်း မင်းသားသည်လည်း တေး, နည်းတူပင် တားဆီးခံနေရ၏။
" မင်းတို့က ဘာကိစ္စ ငါ့ကို တားဆီးနေတာလဲ။ငါ
နန်းတော် ပြန်ရောက်ရင်၊မင်းတို့ကို ဒီတိုင်း ထားမှာ မဟုတ်ဘူး "" မင်းသား ကြင်ရာတော်လေးနဲ့ တွေ့မှာကို မတားဆီးနိုင်ရင် အရှင်မင်းကြီး ပေးမဲ့ အပြစ်က ကြီးလေးတာမို့... ကျွန်တော်တို့ကို နားလည်ပေးပါ မင်းသား "
လျှို့ဝှက်တံခါးကနေ ထွက်လာခဲ့တာပေမဲ့... ခမည်းတော်ရဲ့ ကိုယ်ရံတော်အဖွဲ့က တေးရဲ့ကျောင်းနား တဝိုက်ကိုပါ စောင့်ကြည့်နေတယ်ဆိုတာကို မသိခဲ့တာကြောင့်... ခမည်းတော်ရဲ့ ကိုယ်ရံတော်အဖွဲ့ဆီမှာ တားဆီးခြင်းခံနေရတာပဲ ဖြစ်သည်။
" မင်းသား မင်းသား "
လက်တွေကို တစ်ဖက်ယောက်ဆီ ချုပ်ကိုင်ခံထားရတဲ့ ကြားကနေ... ရုန်းကန်နေရင်းက ဒီပ,ကို လမ်းခေါ်တဲ့ ချစ်ရသူလေး။
" တေး... "
မတွေ့ရတာ တစ်ပတ်ပဲရှိသေးသည်။ခပ်လှမ်းလှမ်းကနေ မြင်နေရတဲ့ ချစ်ရသူလေးက သိသိသာသာကို ပိန်ကျသွား၏။မျက်နှာလေးတွေ ချောင်ကျနေပြီး၊လွမ်းဆွတ်နေတဲ့ မျက်ဝန်းလေးတွေနှင့် ကိုယ့်ကို လှမ်းကြည့်ပြီး ခေါ်နေတဲ့ ချစ်ရသူလေး။
ဒီပ, ကားပေါ်ကို တက်ရကာနီးနေပြီးဖြစ်တဲ့ ချစ်ရသူလေးအနားကို သွားပြီး... နှစ်သိမ့်စကားလေး
တစ်ခွန်းလောက်မှ မပြောနိုင်ရင်၊ကိုယ့်ကိုယ်ကိုယ်
ခွင့်လွှတ်နိုင်မည် မဟုတ်။အဲ့ဒါကြောင့်... တားဆီးနေတဲ့ ကိုယ်ရံတော်တွေလက်ကနေ အားကုန်သုံး၍
တွန်းထိုးရုန်းကန်ပြီး... ကားထဲအတင်းဝင်ခိုင်းခံနေရတဲ့ ချစ်ရသူလေးအနားကို အပြေးသွားလိုက်သည်။