Part 48

1.1K 48 1
                                    

နတ်ရေးတဲ့ ရွှေဖူးစာ

                           or ရွှေမင်းသားရဲ့ ကြင်ရာ​တော်

          အခန်း (၄၈)

.

" တေး ဖေကြီးဘယ်မှာလဲ။ဘယ်နေရမှာလဲ တေး
ဖေကြီးနဲ့ တွေ့ချင်တယ်။ဖေကြီး ကို အခု ခေါ်လာပေး "

" ဒီမယ် ကလေးမ မင်း စကားပြောတာကို ခပ်ရင့်ရင့် မပြောရင်ကောင်းမယ်။မင်းအဖေအသက်က ငါ့လက်ထဲမှာဆိုတာ ခေါင်းထဲထည့်ထားအုံး "

အိမ်ထဲဝင်လာကတည်းက မျက်နှာကြောကတင်းနေပြီး၊စကားကိုလည်း အမိန့်ပေးသလိုမျိုးနဲ့ ပြောနေတဲ့ ဘောဂရဲ့သမီးကို ပိတ်ဟောက်ပစ်လိုက်သည်။

ဘယ်နှယ့် လူတကာကလေးစားနေရတဲ့ ကိုယ့်ကို
ကိုယ်ကမွေးရင် ကိုယ့်သမီးအရွယ်လောက်ပဲ ရှိတဲ့ ကလေးမလေးက... အထက်စီးကနေပြောရတယ်လို့ "ယက္ခ" ဆိုတဲ့ ငါ့ကို ဘာများထင်နေတာတုန်း။

ငါ့အကြောင်း သေချာမသိသေးတဲ့ မင်းလိုသူနှယ်နှပ်စားလေးကို ကောင်းကောင်းကြီး ပညာပေးအုံးမယ်။

ဖေကြီးကို ဖမ်းထားတယ်ဆိုကတည်းက အမတ်ချုပ်ကြီးကို ဒေါသထွက်နေမိတဲ့ တေး။မျက်နှာချင်းဆိုင်တွေ့ရတော့လည်း စကားကို ဒေါသဖြင့်သာ ပြောဆိုမိ၏။

ဒါကို မကြိုက်တဲ့ အမတ်ချုပ်ကြီး က တေး, ကို
ဖေကြီးနှင့် ချုပ်ကိုင်ကာ ပြောဆိုလာတော့... တေးမှာ ဒေါသကို ထိန်းချုပ်ရတော့သည်။

" တေး ဖေကြီးဘယ်မှာပါလဲ။ တေး တွေ့ချင်ပါတယ် "

ဖအေနဲ့ချုပ်ကိုင်ပြီး၊ပြောလိုက်တာနဲ့ မျက်နှာအမူရာရော၊စကားသံရောပါ ပြောင်းလဲသွားတဲ့ ကောင်မလေး၏ ထက်မြတ်မှုကို သဘောကျမိတဲ့ ဦးယက္ခ၏ နူတ်ထက်ဝယ်၊ကျေနပ်အပြုံးတစ်ပွင့်
ဖြစ်တည်သွားလေသည်။

" ဖြေးဖြေးပေါ့... မင်းအဖေ ငါ့ဆီကနေ ဘယ်ကိုမှ ထွက်ပြေးမသွားနိုင်ပါဘူး "

ဘယ်ကိုမှ ထွက်ပြေးမသွားနိုင်ဘူးတဲ့လား။ထိုစကားတွေကြောင့်ပဲ... တေး, ဖေကြီးကို ကိုယ့်မျက်လုံးနဲ့ သေချာတွေ့မြင်ရမှ စိတ်အေးနိုင်တော့မည်။

" တေး ဖေကြီးကို စိတ်ပူလို့ပါ။အဲ့ဒါကြောင့် ဖေကြီးနဲ့တွေ့ချင်နေတာပါ "

နတ်ရေးတဲ့ ရွှေဖူးစာ  Completed  Where stories live. Discover now