Part 77

833 20 0
                                    

               နတ်ရေးတဲ့ ရွှေဖူးစာ

                           or ရွှေမင်းသားရဲ့ ကြင်ရာ​တော်

          အခန်း (၇၇)
.

" ဒီပတစ်ယောက် ဘယ်ပျောက်သွားတာလဲ "

ဒီဒီ,ဆီးမီးထွန်းကာ ဘုရားကန်တော့ပြီးချိန်တွင်
နောက်မှာ ရပ်စောင့်နေတဲ့ ဒီပကိုမတွေ့ရတော့သည်။

" မင်းသား က ခင်ဗျား ပြန်တော့မယ်ဆိုရင် ကျွန်တော့်ကို လိုက်ပို့ပေးဖို့ ပြောခဲ့တယ် "

" အမေ့! မဟော်စျာန် နင်က ဒီကို ဘယ်လိုရောက်လာတာလဲ "

ဒီပ,ကိုမျက်လုံးကစားပြီး လိုက်ရှာနေတဲ့ ဒီဒီ့နောက်ကနေ ထွက်လာတဲ့ မဟော်စျာန့်အသံကြောင့် ဒီဒီမှာ
ထိတ်လန့်သွားရသည်။

" အိမ်ကနေတော့ ဆိုင်ကယ်နဲ့ လာတာ။ ခင်ဗျားရှေ့ကိုတော့ ခြေထောက်နဲ့လာတာ "

တကယ်တော့ အမေကသူနဲ့အတူ ဘုရားလိုက်ခဲ့ဖို့
စျာန့်ကိုခေါ်လာတာဖြစ်သည်။အမေက ကားနဲ့လာတာပေမဲ့ စျာန်ကဆိုင်ကယ်နဲ့လာတာဖြစ်သည်။အပြန်ကို အမေနဲ့အတူ အလာတုန်းကလိုပဲ ကားနဲ့ ဆိုင်ကယ်ရှေ့နောက်ပြန်ဖို့လုပ်ပေမဲ့... မထင်မှတ်ဘဲ ဘုရားမှာ အရင်ရောက်နေတဲ့ မင်းသားနဲ့တွေ့တာဖြစ်သည်။

မင်းသားသည် စျာန့်ကိုတွေ့တာနဲ့ မေလင်းဒီဒီကိုအပ်သွားတော့တာဖြစ်သည်။စျာန့်ဆီမှာ မေလင်းဒီဒီ ကို အပ်ပြီးတာနဲ့ မင်းသားသည်လည်း စျာန့်ရှေ့ကနေလေအလျင်လို ပျောက်ကွယ်သွားလေသည်။စျာန်လည်း ကိုယ့်အမေနားမှာ မနေပေးရဘဲ
ဒီအရှုပ်ထုပ်မိန်းကလေး ဘုရားကန်တော့နေတာကို
စောင့်ကြည့်နေခဲ့ရသည်။

ကြည့်... ဒီကောင်စုတ်လေးက စကားပြောလိုက်ရင် ဘယ်တော့မှကို အချိုးမပြေတာ။အဲ့လို အချိုးမပြေလို့လည်း ဒီဒီ သူ့ကိုကြည့်မရတာ။

" ငါ ဒီမှာ ရှိနေတာ ဘယ်လိုသိတာလဲ "

" အကြားအမြင်ရနေတာလေ "

စျာန့်ရဲ့ခပ်ရွဲ့ရွဲ့စကား အဆုံးမှာတော့...

" မဟော်စျာန်! " မေလင်းဒီဒီ၏ အသံကကျယ်လောင်စွာ ထွက်ပေါ်လာသည်။

နတ်ရေးတဲ့ ရွှေဖူးစာ  Completed  Donde viven las historias. Descúbrelo ahora