နတ်ရေးတဲ့ ရွှေဖူးစာ
or ရွှေမင်းသားရဲ့ ကြင်ရာတော်
အခန်း (၃၉)
." သရဖီ တူမတော် နန်းတော် ကို ဘယ်တုန်းက
ရောက်နေတာလဲ။ဘာလာလုပ်တာလဲ "နန်းဆောင်တော်ထဲကနေ ထွက်လာတဲ့ မိဖုရားကြီးစန္ဒီဒေဝီ။
အိမ်ရှေ့စံရုံးခန်းရှိရာ နန်းတွင်းရုံးတော်ဘက်ကနေ ရွှင်မြူးနေတဲ့ မျက်နှာလေးနဲ့ ထွက်လာတဲ့ တူမတော်ကို အံ့သြနေသော အကြည့်တွေနဲ့ ကြည့်ကာ မေးခွန်းထုတ်လိုက်၏။
ကိုကိုမင်းသား နန်းတော်ကနေ ကားနဲ့ထွက်သွားတာကို စောင့်ကြည့်နေပြီးမှ... အိမ်ပြန်ဖို့ ပုန်းကွယ်ပြီး
စောင့်ကြည့်နေတဲ့ နေရာကနေ ထွက်လာတဲ့ သရဖီ။ဒေါ်လေးဖြစ်တဲ့ မိဖုရားကြီးကို မြင်တာနဲ့ အနားကို အပြေးသွားပြီး... လက်မောင်းတစ်ဖက်ကို ချိတ်ကိုင်လိုက်ပြိီး...
" ချစ်ရတဲ့သူ ကိုကိုမင်းသားဆီကိုပေါ့။အခုတော့
ပြန်တော့မယ် "" ဒါဆို နန်းတော်ထဲ လာတာ အိမ်ရှေ့စံဆီကိုပဲပေါ့။
ဒီအဒေါ်ဆီကိုတောင် လမ်းကြုံလေး ဝင်လာဖို့ အတွေးမရှိဘူးပေါ့လေ "" ဟီး... မဟုတ်ပါဘူး။ သရဖီ က ဒေါ်လေး မအားမှာဆိုးလို့... ပြီးတော့ ဒေါ်လေးအနားမှာ မင်းကြီးရှိနေရင် သရဖီကြောင့် အနှောင့်အယှက်ဖြစ်မှာဆိုးလို့ပါ "
" အဲ့လိုတွေးတာရော ဟုတ်လို့လား။မင်းသားနဲ့တွေ့ရလို့ အပျော်လွန်ပြီး ဒေါ်လေးကို မေ့သွားပြီး ပြန်ဖို့လုပ်နေတာ မဟုတ်ဘူးလား... "
" ဒေါ်လေးကလည်း... "
သရဖီ,တကယ်လည်း ဒေါ်လေးကို ဝင်တွေ့ဖို့ မေ့နေတာမို့... "ဒေါ်လေးကလည်း" ဟု ပြောပြီး အရှက်ပြေရယ်နေလိုက်သည်။
" နန်းဆောင်ကိုသွားကြမယ်လေ။တစ်ခုခုစားရင်း
စကားပြောကြတာပေါ့ "" ဟုတ်ကဲ့ "
အဲ့နေ့က သရဖီသည် အဒေါ်ဖြစ်တဲ့ မိဖုရားကြီးနဲ့
နန်းဆောင်ကို လိုက်သွားခဲ့သည်။ညခင်းရောက်တော့မှ အိမ်ကို ပြန်လာခဲ့သည်။