နတ်ရေးတဲ့ ရွှေဖူးစာ
or ရွှေမင်းသားရဲ့ ကြင်ရာတော်
အခန်း (၇၃)
." ဦးလေးဟန် မီတင်ကိုနောက်နေ့ ရွှေ့လိုက်ပါ "
" ဘာဖြစ်လို့လဲ မမလေး။နန်းတော်မှာ ပြဿနာ တစ်ခုခုဖြစ်လာလို့လား "
နန်းတော်ကနေ ကုမ္ပဏီကိုပြန်လာကတည်းက မျက်နှာမကောင်းဖြစ်နေတဲ့ မမလေး။
" ဟင်း... မီတင်ကိုသာ ရက်ရွှေ့ပေးပါ။ပြီးတော့
တင်ဒါကိစ္စက သူတို့ဘက်ကလက်ခံပေးလိုက်ပြီ "" မီတင်ကိုလည်းရက်ရွှေ့လိုက်ပါမယ်။တင်ဒါရဲ့နောက်ပိုင်း ကိစ္စတွေကို ဦးဟန်ပဲဆက်တာဝန်ယူလိုက်ပါမယ် "
" ကျေးဇူးပါ ဦးလေးဟန် "
" ဒါနဲ့ မမလေး ကျောင်းကိုဘယ်လိုလုပ်မှာပါလဲ "
" ကျောင်းကိုလား... တေး ဒီနှစ်တော့ နားမယ် "
" ဘာဖြစ်လို့ပါလဲ မမလေး "
" ကျောင်းပညာက အသက်ကြီးတဲ့အထိ ကိုယ့်စိတ်က သင်ယူချင်နေသရွေ့ သင်ယူလို့ရပါတယ်။ဆက်ခံသူတစ်ယောက်အနေနဲ့ ကုမ္ပဏီအကြောင်းကို အခြေခံအသေးစိတ်ကအစ ဘာတစ်ခုမှ မသိနားမလည်ဘဲနဲ့ ဆက်ခံသူနေရာမှာ အခန့်သားထိုင်နေလို့ရမှာ မဟုတ်ဘူး။တေးမှာ ရွေးချယ်ဖို့က ပညာရေးကိုဦးစားပေးမလား။ဖေကြီးတည်ထောင်ထားတဲ့ ကုမ္ပဏီကို ရေရှည်တည်မြဲဖို့ကို အရင်ဦးစားပေးမလားဆိုတာပဲ။တေးကတော့ ကုမ္ပဏီကို အရင်ဦးစားပေးအဖြစ် ရွေးချယ်လိုက်တယ်။တေးမှ
ကုမ္ပဏီကိုဦးစားမပေးရင် ဘယ်သူကမှ လာဦးစားပေးမှာ မဟုတ်ဘူး။ပြိုင်ဘက် ကုမ္ပဏီတွေကလည်း
အမြဲအထိုးဖို့ ချောင်းနေကြတာ။အာ့ကြောင့် တေး
ရှေ့နှစ်ကျမှပဲ ကျောင်းကိစ္စကို စဥ်းစားမယ် "" မမလေး ဆုံးဖြတ်တာ မှန်ပါတယ်။ကျောင်းကတော့ တစ်နှစ်နစ်နာသွားတာပေါ့ "
" အဲ့ဒါက ကိစ္စမရှိပါဘူး။ကျောင်းတက်လိုက်မှသာ
ကုမ္ပဏီဘက်က ဆုံးရှူံးမှုကများသွားမှာ "" အဲ့ဒါတော့ ဟုတ်ပါတယ် "
" တေး ဒီနေ့တော့ အလုပ်စောဆင်းမယ်။နည်းနည်းစိတ်ကို အနားယူမှဖြစ်မယ့် အခြေအနေဖြစ်နေလို့ပါ။ကုမ္ပဏီအလုပ်တွေကိုတော့ ဦးလေးဟန် တစ်ချက် ကြည့်လုပ်ပေးထားပါ "