ရွှေမင်းသားရဲ့ ကြင်ရာတော်
or နတ်ရေးတဲ့ ရွှေဖူးစာ
အခန်း (၂)
.
.
" မင်းသား က ကျွန်တော့် ကို မမြင်လို့ ကျော်သွားတာလား...။ဒါမှမဟုတ် တမင် မမြင်ဟန်ဆောင် ပြီး ကျော်သွားတာပါလား... "
အဘွားတော်၏ ဧည့်ဆောင်တော်ကနေ ပြန်ထွက်လာတဲ့ အိမ်ရှေ့စံသည် နန်းတော်ထဲဝင်လာတဲ့...
အမတ်ချုပ်ကြီးကို မြင်ပေမဲ့... စကားမပြောချင်တာကြောင့်... တစ်ဖက်ကို ရှောင်ဖယ်သွားမလို့
ခြေလှမ်းပြင်လိုက်တဲ့ အခိုက်မှာပဲ... နောက်ပါးဆီကနေ အမတ်ချုပ်ကြီးဆီမှ မေးခွန်းတို့ဖြင့် အမေးခံလိုက်ရသည်။အိမ်ရှေ့စံ၏ နူတ်ခမ်းတစ်ဖက်သည် အပေါ်သို့မြင့်တက်သွားသည်။လှမ်းနေတဲ့ ခြေလှမ်းကို ရပ်တန့်ပြီး ခပ်မဲ့မဲ့ အပြုံးတစ်ပွင့်ဖြင့် နောက်ကျောဘက်ကို ပြန်လှည့်ကာ...
" အမတ်ချုပ်ကြီးက ဘယ်လိုများ ထင်မိလို့လဲ... "
အဖြေမပေးဘဲ မေးခွန်း ပြန်ထုတ်သည့် အိမ်ရှေ့စံကြောင့်... အမတ်ချုပ်ကြီးယက္ခ၏ မျက်နှာပေါ်က ဟန်ဆောင်အပြုံးတို့ ပျောက်ကွယ်သွားလေသည်။
" ကျွန်တော့်လို အမတ်ချုပ်ကြီး က တိုင်းပြည်ရဲ့ ရှင်ဘုရင်လောင်းလျာကို ဘယ်လိုစိတ်တွေနဲ့ ထင်မြင်ချက် ထုတ်ရဲပါ့မလဲ "
အမတ်ချုပ်ကြီး၏ ခပ်ထေထေ စကားကြောင့် အိမ်ရှေ့စံသည် အသံထွက်၍ ရယ်သည်။
" အဟင်း... မေးခွန်းတော့ ထုတ်ရဲပြီး၊ ထင်မြင်ချက်တော့ မထုတ်ရဲဘူးတဲ့လား... "
" ကျွန်တော်် က သဘောရိုးနဲ့ပဲ မေးတာပါ။ မင်းသား က တမျိုးတွေး ထင်မိရင်တော့... ကျွန်တော် စိတ်မကောင်း ဖြစ်ရပါတယ် "
" အမတ်ချုပ်ကြီးလို လူက စိတ်မကောင်းဖြစ်တတ်တယ်လား... "
" ကျွန်တော်လည်း လူသားပါ မင်းသား "
" ဪ... "
မင်းသား က အပြုံးတစ်ပွင့်နှင့် "ဪ" လို့ ပြောတော့ အမတ်ချုပ်ကြီး၏ မျက်နှာက တင်းသွားသည်။