Part 25

1.5K 57 2
                                    

         နတ်ရေးတဲ့ ရွှေဖူးစာ

                           or  ရွှေမင်းသားရဲ့ ကြင်ရာတော်

                   အခန်း   (၂၅)

" တေး အိပ်နေတာ၊ ဘာလို့ ဖုန်းတွေဆက်တိုက်ခေါ်နေတာလဲ "

တကယ်တော့ တေး,မအိပ်သေးပါဘူး။မျက်နှာလေးလာပြပါဆိုတာကို မပြဘူးဆိုတဲ့... မင်းသားကို စိတ်ကောက်ပြီး အိပ်လို့မရသေးတာပါ။

" အိမ်ရှေ့ထွက်လာခဲ့ အခု "

" ဘာ... "

" ကိုယ့် မျက်နှာကို မြင်ရချင်ရင်၊ အိမ်ရှေ့ကို ထွက်လာခဲ့ "

အိပ်ရာထဲ လှဲနေတဲ့ တေး။မင်းသားစကားကြောင့်
အံ့ဩသွားရပြီး... အိပ်ရာထဲကနေ ငေါက်ခနဲ ထထိုင်မိ၏။

" မင်းသား အိမ်ရှေ့က်ို ရောက်နေတာလား "

" အင်း "

" မင်းသား ပြောတော့ မလာဘူးဆို "

" မင်းသားတဲ့လား... ဘယ်မင်းသားလဲ။ကိုယ်တော့ မပြောမိပါဘူး "

တမင်စနေတဲ့ မင်းသားကြောင့် တေး, တခစ်ခစ်နဲ့ ရယ်မိပြီး....

" မော်ကွန်းဒီပဆိုတဲ့ အိမ်ရှေ့စံမင်းသား က ပြောတာပဲ။ချစ်တယ်ဆိုတာနဲ့ပဲ အရာရာကို
အလိုလိုက်မယ်လို့ ထင်မနေနဲ့ဆိုပြီး... လွန်ခဲ့တဲ့
တစ်နာရီလောက်က ပြောခဲ့တာ။အဲ့စကားက်ို
ပြောခဲ့တဲ့ သူက အခု တေး,ဆီကို ဖုန်းဆက်နေတဲ့ သူပါပဲနော်။ဟွန်း "

သူမ၏ မကျေနပ်သံလေးနှောတဲ့ အပြောလေးတွေနဲ့ နှာမှုတ်သံလေးကြောင့် ဒီပ,သဘောကျစွာနဲ့ ရယ်မောရင်း...

" အဲ့စကားပြောတဲ့ လူက ကိုယ့်ရဲ့အမွှာပဲဖြစ်လိမ့်မယ်။ကိုယ်ကတော့ ချစ်စရာကောင်းတဲ့ ကောင်မလေးကို လာမတွေ့ဘဲ မနေနိုင်ပါဘူး။အခုတောင် အပြေးလာခဲ့တာ။မြန်မြန် ထွက်လာပြီး တွေ့ပေးရင်၊ ကိုယ်တော့ ပျော်မိမှာပဲ "

" အခု ထွက်လာနေပြီ၊ပြန်မသွားနဲ့နော် "

" အဟင်း ချစ်စရာလေးပဲ "

ဒီပ,ဖုန်းကို ချပြီး၊သူမ ထွက်​လာမယ့် အိမ်ခြံတံခါးဆီကို မျှော်ငေးကာ ကြည့်နေလိုက်သည်။

နတ်ရေးတဲ့ ရွှေဖူးစာ  Completed  Where stories live. Discover now