နတ်ရေးတဲ့ ရွှေဖူးစာ
or ရွှေမင်းသားရဲ့ ကြင်ရာတော်
အခန်း (၄၀)
." အဘွားတော် ဘယ်သွားမှာမို့လို့ မြေးတော်ကို အဝတ်စားတွေ လဲခိုင်းတာလဲ ဟင် "
" မြေးတော်ကို တစ်နေရာကို ခေါ်သွားပေးချင်လို့ပါ "
" မြေးတော် ဒီအနက်ရောင် အဝတ်စားတွေကို မဝတ်ချင်ဘူး အဘွားတော် "
မော်ကွန်းဒီပ,ဆိုတဲ့ အိမ်ရှေ့စံမင်းသားလေး က သူမကြိုက်သော အနက်ရောင်အဝတ်စားတွေကို
ဝတ်ပေးတိုင်း ငြင်းဆန်တတ် အမြဲလိုလိုမို့... အနက်ရောင် အဝတ်စားတွေကို မဆင်လေ့မရှိပေမယ့်...ဒီနေ့ကတော့ မင်းသားလေးကို အနက်ရောင် ဝတ်စုံကိုသာ ဝတ်ပေးသင့်တာမို့... အဘွားတော် မိဖုရားကြီးသည် မြေးတော်မင်းသားလေးရှေ့မှာ ထိုင်ချပြီး...
" ဒီနေ့တစ်ရက်ပဲ အနက်ရောင် အဝတ်စားတွေကို ဝတ်ပေးပါ မြေးတော်။နောက်ဆို ဘယ်တော့မှ အဘွားတော် က မြေးတော်မကြိုက်တဲ့ အနက်ရောင်တွေကို ဆင်မြန်းမပေးတော့ဘူးနော် "
" ဟုတ်ကဲ့ အဘွားတော်။ဒါဆို ဒီနေ့တစ်ရက် မြေးတော် ဝတ်လိုက်ပါ့မယ် "
" အင်း "
" မယ်တော်နဲ့ သားတော်လေး အဝတ်စားလဲတာ
ပြီးသွားကြပြီလား "" ပြီးပြီး စန္ဒီ "
" ဒါဆို စန္ဒီတို့ သွားကြမယ်လေ မယ်တော် "
" အင်း။ လာ မြေးတော် အဘွားလက်ကိုတွဲ "
" ဟုတ်ကဲ့ အဘွားတော် "
" သားတော်ရော စန္ဒီ "
" မောင်တော် က အစောကြီးကတည်းက သွားနှင့်တယ်။ဟိုကနေပဲ စန္ဒီတို့ကို စောင့်နေမှာ "
" ခမည်းတော် က ဘယ်ကနေ စောင့်နေတာလဲ မယ်တော် "
" သားတော်လေးကို မွေးပေးတဲ့ ဆုံးပါးသွားပြီဖြစ်တဲ့ မိခင်မယ်တော်ရဲ့အုပ်ဂူရှိတဲ့ နေရာမှာ "
" စန္ဒီ ကလေးကို ဘာလို့ ပြောလိုက်ရတာလဲ။ဟိုရောက်မှ ပြောတာ မဟုတ်ဘူး "
" ဟိုရောက်တာနဲ့ သားတော်က သူ့မယ်တော်ကို
လာကန်တော့ရတယ်ဆိုတာကို သိရမှာပဲလေ။အခုသွားနေရင်း ပြောလိုက်လို့လည်း ဘာမှ ပိုထူးမလာပါဘူး မယ်တော် "