Part 49

1.9K 59 8
                                    

နတ်ရေးတဲ့ ရွှေဖူးစာ

                           or ရွှေမင်းသားရဲ့ ကြင်ရာ​တော်

          အခန်း (၄၉)
.

" တေး မင်းသားရဲ့လည်ချောင်းသွေးကို အမတ်ချုပ်ကြီးအတွက် ယူဆောင်ပေးပါ့မယ် "

" သောက်အဓိပ္ပါယ်မရှိတဲ့ လုပ်ရပ်တွေကို
မင်း လုပ်စရာမလိုဘူး ခွန်းတေး! "

" စီနီယာ... "

တေး, အမတ်ချုပ်ကြီးနဲ့ စကားပြောနေချိန်မှာ
ရုတ်တရက် ရောက်လာတဲ့ စီနီယာ။

" မဟော်စျာန်! မင်း က ဘာလာရှူပ်တာလဲ။မင်းနဲ့မဆိုင်တဲ့ ကိစ္စမှာဝင်မပါစမ်းနဲ့။ကိုယ့်အလုပ် ကိုယ်လုပ်စမ်း "

အမတ်ချုပ်ကြီးသည် သားဖြစ်သူက ရောက်လာပြီး
သူ့ကိစ္စကို ဝင်ရှူပ်မှာဆိုးတာကြောင့်... သားဖြစ်သူ ကို ပိတ်ဟောက်ပစ်လိုက်သည်။

" ကျန်တဲ့ ကိစ္စတွေမှာ ဝင်မပါဘဲနေနိုင်ချင်နေနိုင်မယ်။ခွန်းတေးအင်္လကာနဲ့ပတ်သက်ရင်တော့ ဘယ်အရာကိုမှ မျက်ကွယ်ပြုမထားနိုင်ဘူး "

" မဟော်စျာန်! "

" ကျွန်တော့်ကို ဒေါသထွက်မနေဘဲနဲ့ ကိုယ့်လုပ်ရပ်ကို ပြန်ပြီးတော့ သုံးသပ်ရင်ကောင်းလိမ့်မယ်။ခင်ဗျား အမေနဲ့ကျွန်တော့်အပေါ်မှာပါ ခင်ပွန်းဝတ္တရား၊ဖခင်ဝတ္တရားတွေ ကျေပွန်ခဲ့တာလည်း
မရှိသလို၊တခြားလူတွေအပေါ်မှာလည်း အာဏာနဲ့အလိုလောဘအတွက် မပြုလုပ်သင့်တာတွေ ပြုလုပ်ပြီးနေလာခဲ့တယ်။ရှေ့ကအမှားတွေကိုတောင် အမှားတွေလို့အတွေးမဝင်သေးတဲ့ အပြင်၊နောက်ထပ်သော အမှားတွေကို ကျူးလွန်ဖို့လုပ်နေတယ်။ဦးဘောဂ လွှတ်ပေးလိုက်ပါ။ပြီးတော့ ခင်ဗျား အပြစ်တွေကို ဝန်ခံလိုက်ပါ "

" အဟင်း မင်း က အဖေဖြစ်တဲ့ ငါ့ကို ဟိုဟာလုပ်၊ဒီဟာလုပ်ဆိုပြီး အမိန့်လာပေးနေတာပဲ။ဒီမယ် မင်း
သိထားဖို့က ငါ့ကို ဘယ်သူကမှ ငါလုပ်နေတာတွေကို တားဆီးလို့မရဘူး။မင်းအမေ လာတားဆီးရင်ဆတာင်မရဘူး နားလည်လား "

" ခွန်းတေးအလင်္ကာ မင်း က မသွားသေးဘဲ ဘာလုပ်နေတာလဲ။ မင်းအဖေ မြေအောက်ခန်းထဲမှာတင် သေသွားတာမျိုး မဖြစ်ချင်ဘူးဆိုရင်၊ ငါခိုင်းတာကို မြန်မြန် သွားလုပ်တာကောင်းလိမ့်မယ် "

နတ်ရေးတဲ့ ရွှေဖူးစာ  Completed  Tempat cerita menjadi hidup. Temukan sekarang