65

772 20 0
                                    

                      နတ်ရေးတဲ့ ရွှေဖူးစာ

                           or ရွှေမင်းသားရဲ့ ကြင်ရာတော်

          အခန်း (၆၅)
.

" စျာန်,ရဲ့ အဆိပ်က ဆရာ ကုသပေးနိုင်ပါတယ်မလား "

" ကုသပေးနိုင်ပါတယ်။ဒါပေမဲ့ သခင်လေးစျာန်
အသက်ရှင်ဖို့က ငါးဆယ်ရာနှုန်းပဲရှိပါတယ်။သေနတ်ဒဏ်ရာက ပြင်းထန်တဲ့ နေရာကို မထိခဲ့ပေမဲ့... အဆိပ်က ခန္ဓာကိုယ်တွင်းမှာ ရက်အနည်းအငယ်ကတည်းရှိနေတာကြောင့်ပါ။အဆိပ်မိတာ
ချက်ချင်းသိလို့ ကုသရတာက လွယ်ပေမဲ့... အချိန်အရမ်းကြာမှ ကုသရတာက ခက်ခဲပါတယ်။ပြီးတော့ သခင်လေးရဲ့လက်ရှိအခြေအနေက အသက်ရှင်နိုင်ချေနဲ့ သေဆုံးနိုင်ချေက ငါးဆယ်ရာနှုန်းဆီပါပဲ။သခင်လေးစျာန် အသက်ရှင်ဖို့က သူ့ရဲ့ကံတရားပေါ်မှာလည်း မူတည်နေပါတယ် မင်းသား "

" ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် စျာန့်ကိုအကောင်းဆုံး ကြိုးစားပြီးတော့ ကုသပေးပါ။ဆေးဝါး လိုအပ်တာရှိရင် ကျွန်တော့်ကိုပြောပါ။အမြန်ဆုံးရှာဖွေးပေးပါ့မယ် "

" ကျွန်တော် အကောင်းဆုံး  ကြိုးစားပေးပါ့မယ့်
မင်းသား "

" ကြိုးစားပေးပါ ဆရာ။စျာန် က ကျွန်တော့်အတွက်
အဆုံးရှူံးမခံနိုင်တဲ့ ညီငယ်လေးပါပဲ "

" ဟုတ်ကဲ့ "

ဆရာဝန် စျာန့်အခန်းထဲကနေ ပြန်ထွက်သွားတာနဲ့
ဒီပ, နှာခေါင်းပိုက်တပ်ထားရတဲ့ စျာန့်ဘေးမှာ
သွားထိုင်မိသည်။

" ငါ မင်း ကို ဒီလိုပုံစံမျိုးနဲ့ မြင်ချင်တာ မဟုတ်ဘူး
စျာန်။မင်းအမေ မင်းကြောင့်နဲ့ လဲသွားတာမျိုးမဖြစ်စေချင်ရင် မင်းပြန်နိုးထလာမှဖြစ်မယ်။မင်း
အခုလိုမျိုးဖြစ်နေတာကို တေးလည်းသိရင် စိတ်ကောင်းမှာ မဟုတ်ဘူး။မင်း ချစ်တဲ့သူတွေကို
ပျော်ရွှင်စေချင်ရင် မင်းနိုးထလာရမယ် စျာန် "

....

" သမီးတေး ဒါက ဘယ်ကို သွားမလို့လဲ "

" ဒီနေ့က ဖေကြီးရဲ့နာရေးနေ့ပါ။တေး က ဆေးရုံမှာ
အေးအေးဆေးဆေး နေနေရမှာ မဟုတ်ဘူး "

" သမီးတေးမှာ... ဒဏ်ရာတွေနဲ့လေ။ပြီးတော့ အပြင်မှာလည်း မှောင်နေပြီ သမီးတေး "

နတ်ရေးတဲ့ ရွှေဖူးစာ  Completed  Donde viven las historias. Descúbrelo ahora