Part 35

1.3K 53 2
                                    

နတ်ရေးတဲ့ ရွှေဖူးစာ

                           or ရွှေမင်းသားရဲ့ ကြင်ရာ​တော်

          အခန်း (၃၅)
.

" သမီး ဘယ်ကိုသွားမလို့လဲ "

သုံးရက်လောက် အခန်းအောင်းနေခဲ့တဲ့ သမီးက
လိမ်းခြယ်ပြင်ဆင်ပြီး မနက်စောစော အခန်းထဲကနေ ထွက်လာတာမို့... ဒေါ်အလင်္ကာမေဦး စိုးရိမ်စိတ်နဲ့ မေးလိုက်တဲ့ အခါ...

" စိတ်မပူပါနဲ့ တေး ကျောင်းကိုပဲ သွားမှာပါ။ဘယ်ကိုမှ သွားမှာ မဟုတ်လို့ စိတ်ပူမနေကြပါနဲ့ "

" မင်းသားဆီတော့ မသွားတာ သေချာပါတယ်နော် သမီး "

" တေး မသွားဘူးလို့ ပြောပြီးပြီမလား "

" အင်းပါ မေကြီး က စိတ်ပူလို့ မေးတာပါ။ပြီးတော့
သမီးကို ကျောင်းအပို့ အကြိုကို မောင်ဟန်တစ်ယောက်ပဲ လုပ်လိမ့်မယ် "

ဦးလေးဟန်ကပဲ အပို့အကြိုကို လုပ်ပေးမယ်လို့ပြောတာက... တေး,ကို ချုပ်နှောင်မထားတော့ဘူးလို့ ပြောချင်တာပေါ့။

တေး, မေကြီးစကားကြောင့် နာကျင်စွာနဲ့ ပြုံးမိ၏။
အဲ့နောက် ဧည့်ခန်းအလယ်က ထိုင်ခုံမှာ ထိုင်နေပြီး၊
ခေါင်းကြီးငုံ့ကာ တေးရဲ့မျက်ဝန်းတွေကို ရှောင်ဖယ်နေတဲ့ ဖေကြီးရှေ့နားကို လျှောက်သွားလိုက်ပြီး...

" ဘယ်သူ့ကိုသတ်တာလဲ... သေသွားတဲ့ အမျိုးသမီးက ဘယ်သူလဲဆိုတာလဲ မမေးတော့ဘူး။ဘာလို့မမေးတာလဲဆိုရင် တေး မေးလိုက်လို့
အဲ့အမျိုးသမီးက ပြန်ပြီးတော့... ရှင်သန်လာမှာ မဟုတ်လို့ပဲ "

" ဒါပေမဲ့ ဖေကြီး လုပ်ရမှာ ရှိတယ် "

" ဖေကြီး သမီး က ဘာလုပ်စေချင်တာလဲ။ပြောပါ
သမီးအတွက်ဆို ဖေကြီး က အကုန်လုပ်ပေးမယ် "

ဆိုတဲ့ စကားကို ဖေကြီးက ခေါင်းမော့လာပြီး၊တေးရဲ့ မျက်ဝန်းတွေကို နာကျင်ရိပ်လွှမ်းနေတဲ့ အပြုံးရေးရေးနဲ့ ပြောလာတော့... တေးမှာ မငိုမိအောင်
ဝေ့တက်လာတဲ့ မျက်ရည်တွေကို မျက်တောင်တွေနှင့် ပုတ်ခတ်ပစ်လိုက်ရသည်။

" တေး လူသတ်သမားရဲ့ သမီးအဖြစ်နဲ့ နေထိုင်သွားရမယ်ဆိုရင်တောင်၊ကိုယ့်အပြစ်ကို ကိုယ်လုပ်ခဲ့သလိုမျိုး ရဲရဲဝံ့ဝံနဲ့ ခံယူထားတဲ့ လူသတ်သမားရဲ့သမီးအဖြစ်နဲ့ပဲ ရှင်သန်ပြီး နေထိုင်ချင်တယ်။အပြစ်ကိုတိမ်းရှောင်ပုန်းနေတဲ့ လူသားမဆန်တဲ့ ရာဇဝတ်အပြစ်သားရဲ့သမီးအဖြစ်နဲ့တော့ မရှင်ချင်ဘူး။အဲ့ဒါကြောင့် ဖေကြီး အပြစ်ကို သွားဝန်ခံပြီးတော့ ပေးဆပ်လိုက်ပါ။ဖေကြီးသာ အပြစ်ကို ဝန်ခံမယ်ဆိုရင် တေး ဖေကြီးကို မမုန်းဘူး။မနာကျည်းဘူး။မေကြီးနဲ့ ဘောဂလုပ်ငန်းစုကို တေးလက်နဲ့ ဖေကြီးအစား ကာကွယ်စောင့်ရှောက်ထားမယ်။ဖေကြီး အပြစ်ကြွေးဆပ်ပြီးတဲ့ အချိန်ထိပေါ့ "

နတ်ရေးတဲ့ ရွှေဖူးစာ  Completed  Where stories live. Discover now