နတ်ရေးတဲ့ ရွှေဖူးစာ
or ရွှေမင်းသားရဲ့ ကြင်ရာတော်
အခန်း (၆၉)
." သား သတိရလာပြီ အမေ့သားလေး သတိရလာပြီပဲ ဟင့် ဟင့် "
ဒေါ်နမ်းပန်းဆမ်မှာ သတိပြန်ရလာတဲ့ သားကိုကြည့်ပြီး ဝမ်းသာလွန်းလို့ ငိုပင်ငိုမိသည်။
" အဟင်း ကျွန်တော်သတိရလာတာက အမေပျော်ရမှာ မဟုတ်ဘူးလား... ဘာလို့ ငိုနေတာလဲ။ကျွန်တော့်ကိုသတိပြန်မရစေချင်လို့လား... "
" ဒီကောင်လေး ဘာတွေလျှောက်ပြောနေတာလဲ။အမေက ဝမ်းသာလို့ငိုမိတာပေါ့။ဘာက်ို သတိမရစေချင်တာလဲ။အမေကိုစိတ်မကောင်းအောင်လို့ ပြောနေတယ် "
ဒေါ်နမ်းပန်းဆမ်မှာ သားဖြစ်သူ၏ စကားများကြောင့် ဝမ်းသာလို့ငိုတာတောင် ကောင်းကောင်းမင်ိုနိုင်ဖြစ်ရသည်။သား အခုလိုပြောတာသည်လည်း အမေဖြစ်တဲ့ ကိုယ့်ကိုမငိုအောင်လ်ို့ တမင်ပြောနေတယ်ဆိုတာလည်း သိပါတယ်။
" ရောက်နေတာလား... ထပ်မတွေ့ရတော့ဘူးလို့
ထင်နေတာ။သတိပြန်ရရချင်း မင်းကိုတွေ့ရတာ
အရမ်းဝမ်းသာမိတယ်။ကိုယ့်ကိုယ်ကိုယ်လည်း
အရမ်းကံကောင်းတဲ့ လူလို့လည်းထင်မိတယ် "စျာန်,အမေနှင့်စကားပြောနေစဥ် ကုတင်ဘေးမှာ ခြေစုံလာရပ်ပြီး ကြည့်နေတဲ့ ချစ်ရတဲ့ သူလေးကို
သတိပြန်ရရချင်း မြင်တွေ့ခွင့်ရတာရကြောင့် ရင်ထဲမှာ အတိုင်းမသိပျော်သွားရသည်။" အရမ်းဝမ်းမသာနဲ့အုံး စီနီယာ့ကိုလာတွေ့တာ
ဒါက ပထမဆုံးနဲ့နောက်ဆုံးပဲ။စီနီယာ သတိပြန်ရမလာခဲ့ရင်လည်း နောက်ထပ်လာကြည့်မှာ မဟုတ်ဘူး "နူတ်ကနေသာ စကားကြမ်းကြမ်းတွေပြောနေတာ။
စိတ်ထဲမှာတော့ စီနီယာပြန်သတိရလာတာကို ဝမ်းသာနေမိတာ တေးကလွဲ၍ မည်သူမှ သိလိမ့်မည် မဟုတ်။" နားလည်ပါတယ်။ဒီလိုလေး တွေ့ခွင့်ရတာကိုပဲ
ကံကောင်းနေပါပြီ။နောက်ထပ်လည်း မင်းဆီကနေ ဘာကိုမှ မမျှော်လင့်ပါဘူး။ဒီအနေအထားလေးကိုပဲ အမြဲအမှတ်ရနေမှာပါ "