Part 70

811 20 0
                                    

          နတ်ရေးတဲ့ ရွှေဖူးစာ

                           or ရွှေမင်းသားရဲ့ ကြင်ရာတော်

                            အခန်း (၇၀)
.

" မမလေး မင်းသားနဲ့သွားတွေ့ရပါမယ် "

" ဘာ...! "

" တင်ဒါဆွဲမယ့်စာရင်းပေးသွင်းရမယ့် ရက်ကကျော်သွားတာ တစ်ပတ်လောက်ရှိနေပါပြီ။မမလေးသာ မင်းသားနဲ့သွားတွေ့ပြီး ည်ှိနှိုင်းနိုင်မယ်ဆိုရင် ကုမ္ပဏီအတွက် အများကြီး အကျိုးပါတယ်။ပြီးတော့ အစ်ကိုကြီးလုပ်ချင်ခဲ့တဲ့ လုပ်ငန်းကိုလည်း မမလေးလက်နဲ့ အကောင်အထည်ဖော်နိုင်မှာပါ "

" သွားမတွေ့နိုင်ဘူး "

" ဒါဆို ပြိုင်ဘက်ကုမ္ပဏီတွေကို အနိုင်ပေးလိုက်မလို့လား။အစ်ကိုကြီးရှိစဥ်က ပြိုင်ဘက်တွေ ကုမ္ပဏီတွေကို တစ်ခါမှအရှူံးပေးတာမျိုး မရှိခဲ့ပါဘူး။မမလေးသာ မင်းသားနဲ့သွားတွေ့ပြီး တင်ဒါစာရင်းအတွက်မကြိုးစားဘူး။လက်လျော့လိုက်မယ်ဆိုရင်
ဘောဂလုပ်ငန်းစုရဲ့ဆက်ဆံခံသူ တစ်ယောက်အနေနဲ့ ဝေဖန်ထောက်ပြ၊ပြောဆိုတာတွေခံရပါလိမ့်မယ်။ကုမ္ပဏီရဲ့လူကြီးပိုင်းတွေဆီကနေပါ ထောက်ပြခံရတာမျိုးနဲ့ ကြုံရနိုင်ပါတယ် "

" အဆိုးဆုံးဖြစ်လာနိုင်ချေရှိတဲ့ အခြေအနေကို ပြောရမယ်ဆိုရင်၊ကုမ္ပဏီဆက်ခံသူတစ်ယောက်က ကုမ္ပဏီအတွက်အကျိုးရှိတာမျိုးထက်၊အကျိုးယုတ်တာမျိုးတွေကိုပဲ လုပ်နေမယ်ဆိုရင်၊ ဆက်ခံသူနေရာကို ရှယ်ယာရှင်တွေက တခြားသူနဲ့အစားထိုးတာမျိုးလုပ်လာနိုင်ပါတယ် မမလေး "

" တော်ပြီလား... ဒီလောက်ပဲလား... ထပ်ပြောချင်တဲ့
ဥပမာပေးတွေရှိသေးရင် တစ်ခါတည်းပြောသွား။နားငြီးမခံနိုင်လို့ "

" မမလေး တကယ်ပဲ ကုမ္ပဏီအတွက် မစဥ်းစားတော့ဘူးလား။ဘယ်လုပ်ငန်းမဆို ပြိုင်ဘက်တွေကို
ကောင်းကောင်းအနိုင်ယူခဲ့ ဘောဂလုပ်ငန်းစုရဲ့ အစဥ်အလာကို ဖျက်ဆီးပစ်တော့မလို့လား... "

" ဦးလေးဟန် တေးရုံးခန်းထဲကနေ ထွက်သွားတော့ "

" မမလေး... "

" သွားတော့လို့ ပြောနေတယ်လေ "

"  မမလေး တကယ်ပဲ သွားမတွေ့ဘူးလား "

နတ်ရေးတဲ့ ရွှေဖူးစာ  Completed  Where stories live. Discover now