Part 19

1.6K 65 0
                                    

             နတ်ရေးတဲ့ ရွှေဖူးစာ

                           or  ရွှေမင်းသားရဲ့ ကြင်ရာတော်

                               

                           အခန်း   (၁၉)
.

"ကြင်ရာတော်လေး နေမကောင်းဖြစ်နေတာလား"

" တေးလား... နေကောင်းပါတယ်။ဘာလို့မေးတာလဲ ဟင် "

" လှေဆိပ်ကနေ အဆောင်တော်ကို ပြန်လာတဲ့ လမ်းတလျှောက်ရော၊အခုထိရော ကြင်ရာတော်လေး မျက်နှာက နီရဲနေလို့ပါ "

ဟင်! ငါ့မျက်နှာက အဲ့လောက်တောင် သိသားနေတာလား။မင်းသားစကားကြောင့် ရှက်အားပိုရသည့် တေးမှာ လေဆိပ်ကနေ အဆောင်ထိကို ပြေးပြီး ပြန်လာခဲ့တာပဲ ဖြစ်သည်။အစ်မယုယုတို့က
မင်းသားပြောတဲ့ အချိန်က လှေပေါ်မှာ ရှိနေကြလို့ မကြားလိုက်လို့ တော်ပါသေးတယ်။မဟုတ်ရင် တေးရှက်နေတာကို သူများတွေပါ သိကုန်ကြတော့မှာ။

" ဟို နေ  နေပူတာကြောင့်နေမယ်။စောနက တေးပြေးလာတာကြောင့်လည်း ဖြစ်မယ်။အာ့ကြောင့် မျက်နှာက ရဲနေတာ နေမှာ "

" ကြင်ရာတော်လေး နေကောင်းရင်ရပါပြီ။ဒီကြာပန်းတွေ ဘာလုပ်ချင်လဲ။ ပဒုမ္မာကြာပန်းတွေကို အလှပန်းအိုးထိုးပေးရမလား... ကြင်ရာတော်လေး "

" အင်း ထိုပေး။ဟို ကြာပန်းလေးတွေကိုတော့
တေး ကြာပုတီးလုပ်မယ်။အခု အဖြူရောင် ကြာတစ်ပွင့်နဲ့ ခရမ်းရောင်ကြာတစ်ပွင့်ပေး။တေး ကြာပုတီးလုပ်ချင်လို့ "

" ဟုတ်ကဲ့ "

တေး, အစ်မရင်ရင် ပေးလာတဲ့ ကြာနှစ်ပွင့်အနက်၊ အဖြူရောင် ကြာပန်းပွင့်လေး၏ ရိုးတံလေးကို တစ်ဆစ်ချင်းချိုးပြီး၊ကြာပုတီးကုံးလေး လုပ်လိုက်၏။

" ကြင်ရာတော်လေး အဝတ်စားလဲလိုက်ပါလား။နေပူထဲက ပြန်လာတာ၊အဝတ်စားတွေက ချွေးတွေစိုနေတာ၊ချွေးနဲ့အအေးပတ်ပြီး ဖျားတတ်တယ် "

" အင်း တေး ဒါလေးပြီးရင် လဲလိုက်မယ် "

" ဒါဆို ကျွန်မတို့ ပန်းအိုးထိုးဖို့ ပြင်လိုက်ပါအုံးမယ် "

" ဟုတ် "

" မင်းသားအတွက်က ပြီးပြီဆိုတော့... ဒါလေးကို
ဘယ်သူ့ပေးရင်ကောင်းမလဲ။ဟုတ်ပြီ စီနီယာကိုပေးရမယ် "

နတ်ရေးတဲ့ ရွှေဖူးစာ  Completed  Where stories live. Discover now