နတ်ရေးတဲ့ ရွှေဖူးစာ
or ရွှေမင်းသားရဲ့ ကြင်ရာတော်
အခန်း (၉)
.
" ကြင်ရာတော်လေး မပြေး... "
" ဒုတ်! အမေ့ရေ... "
နောက်ကနေ အော်ပြောနေတဲ့ နန်းတွင်းသူ၏ စကားပင်မဆုံးသေး... အိပ်ဆောင်ထဲကနေ ပြေးသွားတဲ့ ကြင်ရာတော်လေးမှာ နန်းဆောင်ရဲ့ လှေကားထစ်နားအရောက်မှာတော့... ခလုတ်တို က်၍ လဲကျတော့သည်။
" မင်းသား... "
တစ်ဖက်နန်းဆောင်ကနေ တေး,နေရတဲ့ နန်းဆောင်ဘက်ကို လာတဲ့ မင်းသားက... ခလုတ်တိုက်ပြီး လဲကျတော့မယ့်... တေး,ကို အချိန်မှီ
ဖမ်းထားလို့... တေးမှာ ကံကောင်းစွာနဲ့ လဲမကျသွားခဲ့။" ဘာလို့ ပြေးလွှားပြီး သွားနေရတာလဲ။ကိုယ်သာ
အချိန်မှီရောက်မလာခဲ့ရင်၊မင်း ဒီလှေကားထစ်တွေပေါ်ကို လဲကျမှာ သိရဲ့လား... "အထစ်ငါးထစ်ရှိတဲ့ ပြောင်လက်နေတဲ့ သစ်သားလှေကားထစ်တွေကို မေးထိုးပြရင်း မင်းသား က
ပြောသည်။တေးသည် လက်ရှိရောက်နေတဲ့ မင်းသားရဲ့ရင်ခွင်ထဲကနေ ခပ်မြန်မြန် ရုန်းထွက်လိုက်ပြီး..." ဒါပေမဲ့ မင်းသား အချိန်မှီ ရောက်လာတယ်လေ။တေး အခု ဘာမှမဖြစ်ဘူး "
" ကိုယ် အချိန်မမှီခဲ့ရင်ရော... "
" ဟီး... ပြုတ်ကျသွားမှာပေါ့ "
" နောက်ကို သတိနဲ့ သွားလာ။ပြီးတော့ မင်း... "
'သိပ်လှနေတယ်' ဆိုတဲ့ စကားကို ဒီပ, စိတ်ထဲမှာသာ ပြောမိ၏။
" ဆက်ပြောလေ "
မင်းသား က ပြောနေတဲ့ စကားကို ရပ်နေတာကြောင့် ထပ်ပြောစေလိုက်တော့...
ဒီပ, သနပ်ခါး ဝါဝါညှက်ညှက်လေးကို ပါးပါးလေးလိမ်းထားပြီး၊အဝါရောင် မြန်မာချိတ်ဝမ်းစုံလေးနဲ့ သင်္ကြန်မယ်လေးလို လှနေတဲ့ သူမမျက်နှာလေးကို ခဏမျှ ငေးကြည့်ကာ...
" ဘာမှ မဟုတ်တော့ဘူး။အဘွားတော် စောင့်နေလောက်ပြီ၊သွားရအောင် "