နတ်ရေးတဲ့ ရွှေဖူးစာ
or ရွှေမင်းသားရဲ့ ကြင်ရာတော်
အခန်း (၅၈)
." အစ်ကို စိတ်မကောင်းပါဘူး မင်းသား က... တေး ကို မတွေ့ချင်ဘူး။ပြန်လွှတ်လိုက်လို့ ပြောပဲ ပြောနေတယ်။အစ်ကိုလည်း ဒီထက်ပိုပြီး မကူညီပေးနိုင်လို့ အားလည်းနာမိတယ်။ထပ်စောင့်နေရင် အချိန်တွေ ဖြုန်းသလို ဖြစ်နေမှာ။အိမ်ပြန်လိုက်တာ ကောင်းမယ်ထင်တယ်။ အချိန်လည်းမစောတော့ဘူး ညီမတေး "
" ဟင့်အင် တေး မပြန်ဘူး။မင်းသား အခန်းပြင် ထွက်လာတဲ့ အထိစောင့်နေမှာ။တေး ဖေကြီးကို
ရေထဲမမြောနိုင်ဘူး။အဲ့အတွက် တေး မင်းသားနဲ့ တွေ့ရမှဖြစ်မယ် "" ဟင်း... "
နောင်ခမှာ ခေါင်းမာလွန်းတဲ့ တေးနှင့် ဆုံးဖြတ်ချက်တိုင်းကို ခက်ခက်ခဲခဲ ချနေရတဲ့ အိမ်ရှေ့စံမင်းသားတို့ကြားမှာ ရင်မောနေရ၏။
အဆင်မပြေဖြစ်နေကြရတဲ့ ချစ်သူနှစ်ဦးကြား ကူညီပေးနိုင်စွမ်းမဲ့နေတာမို့... သက်မောကို လေးဖင့်စွာချမိသည်။
အချိန်သည်ကား... မိုးချုပ်စပင် ရောက်နေပြီဖြစ်ပြီး၊ကောင်းကင်တခွင်မှာလည်း မိုးညို့မှောင်၍ အမှောင်ထုက ကြီးစိုးနေလေသည်။မကြာခင် အချိန်မှာ မိုးညိုများက ရွာချလေဖို့ ဆိုင်းပြင်နေကြလေပြီ။ထို့ကြောင့် နောင်ခသည် မင်းသား ထွက်မတွေ့ရင် တစ်ညလုံး မိုးရေထဲမှာ ရပ်နေမည့် ခွန်းတေးအလင်္ကာကြောင့်... မင်းသား၏ နန်းဆောင်ဆီကို ပြန်လျှောက်သွားမိသည်။
တေးသည် ကိုယ်ရံတော်နောင်ခ ထွက်သွားသည့်
အိမ်ရှေ့စံနန်းဆောင်ဆီကိုသာ မျက်တောင်မခတ်တမ်း စိုက်ကြည့်လို့နေမိသည်။နန်းတော်ကိုရောက်တာ နှစ်နာရီနီးပါးကြာမြင့်နေပြီဖြစ်တာမို့... ရပ်နေတဲ့ တေးရဲ့ခြေထောက်တွေကလည်း ညောင်းကိုက်လို့နေပေသည်။
ခြေထောက်ညောင်းကိုက်သည့် အရေးထက်၊ဖေကြီးကို သင်္ချိုင်း၌ ဂူသွင်း၍ သင်္ဂြိုဟ်ခွင့်ရဖို့ကသာ
အရေးကြီးတာမို့... တေးသည် ညောင်းကိုက်နေတဲ့
ခြေထောက်တွေကို ဂရုမပြုနိုင်ပေ။မင်းသား ထွက်လာဖို့ကိုသာ စိတ်ထဲ၌ ဆုတောင်းပြုနေမိသည်။