Part 34

1K 53 1
                                    

နတ်ရေးတဲ့ ရွှေဖူးစာ

                           or ရွှေမင်းသားရဲ့ ကြင်ရာ​တော်

          အခန်း (၃၄)
.

" ခွပ်! မောင်ဟန် မင်း က ငါ့ ယုံကြည်မှုကို အလွဲသုံး စားလုပ်လ်ိုက်တာလား! "

" ငါ မေးနေတယ်မလား "

" တောင်းပန်ပါတယ် အစ်ကိုကြီး။ကျွန်တော့်မှာ ပြောစရာ စကားမရှိတော့ပါဘူး။အစ်ကိုကြီး စိတ်ကြိုက် ကျွန်တော့်ကို ထိုးကြိတ်ပြီး အပြစ်ပေးနိုင်ပါတယ် "

" မင်း ကို ငါ့စိတ်ရှိတိုင်း ထိုးကြိတ်လိုက်တာနဲ့ ငါ့သမီးအတွက် အန္တရာယ်ကင်းမသွားဘူးကွ "

" သမီး ကို နည်းနည်းလေးတောင် မျက်ခြေပြတ်မသွားစေဖို့... မင်း ကို အတန်တန်မှာကြားထားရဲ့သားနဲ့... ဘာလို့များ သမီးကို အန္တရာတောထဲ သွားခွင့်ပေးလိုက်ရတာလဲ။သမီး နန်းတော်ထဲကိုသွားတာသာ အမတ်ချုပ်ကြီး သိသွားရင်၊မြင်သွားခဲ့ရင်
ဘယ်လို လုပ်မလဲ။ငါ့သမီးအတွက် အသက်အန္တရာယ် အများကြီး ရှိလာနိုင်တယ်ကွ။အဲ့ဒါက်ို
မင်း နားလည်ရဲ့လား! "

" မင်းသားအဘွားတော်ကိုယ်တိုင်က ခွင့်တောင်းလို့ရော၊ကျွန်တော်ကိုယ်တိုင်ကပါ မမလေးကို သနားမိတာကြောင့် သွားခွင့်ပေးလိုက်မိတာပါ။ဒီတစ်ခါက
ပထမဆုံးနဲ့နောက်ဆုံးပါပဲ။နောက်ထပ် အစ်ကိုကြီး
ကို စိတ်မပျက်စေရတော့ပါဘူး။ကျွန်တော့်အသက်နဲ့ တိုင်တည်ပြီး ကတိပေးပါတယ် "

" ငါ့မှာ သမီးလေးတစ်ယောက်ပဲ ရှိတာပါ။အဲ့သမီးလေးရဲ့ဘဝကို ငါ့ကြောင့်နဲ့ အမဲစက်ထင်တာမျိုး၊ထမခိုက်ပျက်စီးတာမျိုး မဖြစ်စေချင်ဘူး။ဒါပေမဲ့
ငါ့အမှားကြောင့် အခုဆိုရင် ငါ့သမီးနဲ့ ငါ့ဇနီးမှာ အန္တရာယ်ရှိနေရပြီ။သူတို့ကို အခုထပ်ပိုပြီးတော့...
အထမခိုက်မခံနိုင်တော့ဘူး။အတက်နိုင်ဆုံး ကာကွယ်ရမယ်။အဲ့ဒါကြောင့် ဒီနေ့လိုမျိုး ကိစ္စ နောက်ထပ် ထပ်မဖြစ်ပါစေနဲ့။နောက်တစ်ခါဆိုရင်
ဘယ်လောက်ပဲ ငါ့အပေါ်မှာ သစ္စာရှိစေခဲ့ပါစေ။ငါ့မိသားစုအတွက်ဖြစ်လို့... ခွင့်လွှတ်ခြင်းဆိုတာမျိုး
ရှိလာမှာ မဟုတ်​တော့ဘူး မောင်ဟန် "

နတ်ရေးတဲ့ ရွှေဖူးစာ  Completed  Where stories live. Discover now