နတ်ရေးတဲ့ ရွှေဖူးစာ
or ရွှေမင်းသားရဲ့ ကြင်ရာတော်
အခန်း (၃၃)
." နောင်ခ ငါတို့ ဦးဘောဂနဲ့ အမတ်ချုပ်ကြီးရဲ့ ပတ်သက်နေမှုကို အတွင်းကျကျ စုံစမ်းဖို့လိုပြီ "
" ကျွန်တော် ဆောင်ရွက်လိုက်ပါ့မယ် မင်းသား "
" စုံစမ်းတာက မြန်နိုင်လေ ကောင်းလေပဲ "
" အမိန့်တိုင်းပါ မင်းသား "
" မင်း သွားလို့ရပြီ "
" ဟုတ်ကဲ့ "
အမတ်ချုပ်ကြီး ခင်ဗျား ဘာတွေကြံနေတာလဲ။
တစ်ခုခု ကြံနေတာ မဟုတ်ရင်တောင် ခင်ဗျား တစ်ခုခု လုပ်နေတာပဲ ဖြစ်ရမယ်။ခင်ဗျား ဘာပဲကြံကြံ၊ဘာပဲလုပ်လုပ် ကျွန်တော် အကုန်ဖော်ထုတ်ပြမယ်။တစ်ခုပဲ ကျွန်တော် စိုးရိမ်မိတယ်။ကျွန်တော်နဲ့တေးကို ဦးဘောဂ သဘောမတူတာက ခင်ဗျားကြောင့် ဖြစ်နေမှာကိုပဲ။အဲ့လိုသာ
ဖြစ်နေလို့ကတော့... ကျွန်တော် ခင်ဗျား ကို ခွင့်လွှတ်ပေးဖို့တောင် ခက်ခဲသွားနိုင်တယ်။မိဖုရားကြီးနဲ့ စျာန်တို့မျက်နှာကိုပါ မထောက်ထားနိုင်တဲ့ အခြေအနေမျိိုးအထိ ခင်ဗျားဘက်က ကြီးကြီးမားမားတွေ မကျူးလွန်ထားဖို့ ဆုတောင်းပါတယ်။
ဦးဘောဂ အမတ်ချုပ်ကြီးအိမ်ထဲကို ဝင်သွားတဲ့ ပုံ။ပြန်ထွက်လာတဲ့ ပုံတွေက ဒီပ,ကို စိတ်မအေးနိုင်ဖြစ်စေရသည်။
.............
" တေးလေး "
" အဘွားတော်... "
တေး, အိမ်မှာနေချင် စိတ်မရှိတာကြောင့် ကျောင်းစာကြည့်တိုက်မှာ စာရှာဖို့ရှိတယ် ပြောပြီး ကျောင်းကို စောစောထွက်လာခဲ့တာဖြစ်သည်။
ကျောင်းရောက်လို့ ကားပေါ်ကဆင်းလိုက်တာနဲ့
မင်းသားရဲ့အဘွားတော်နဲ့ တန်းတွေ့ရတော့သည်။အဘွားတော်ကို တွေ့ရတော့ တေး,လည်း ပျော်သွားမိသည်။" အဘွားတော် ဒီကို ဘယ်လိုရောက်လာတာလဲ "
တေး,အဘွားတော်အနားကို အပြေးလေး သွားပြီး
မေးလိုက်တော့...