Part 16

1.7K 70 1
                                    

            နတ်ရေးတဲ့ ရွှေဖူးစာ

                           or  ရွှေမင်းသားရဲ့ ကြင်ရာတော်

                               

                           အခန်း   (၁၆)
.

" အဲ့တော့ မင်းက UKကိုလည်း ပြန်မသွားချင်သလို၊နန်းတော်ထဲကိုလည်း မသွားချင်ဘူးပေါ့ "

" အင်း။တေး ကြောက်ဖို့ကောင်းတဲ့ မင်းသားရဲ့မယ်တော်နဲ့ အမတ်ချုပ်ကြီးတို့သားဖနဲ့ မတွေ့ချင်တော့ချင်ဘူး။သူတို့ဆီမှာ မကောင်းတဲ့ အငွေ့အ သက်တွေခံစားနေရ... အယ် တေး ပြောတာကလေ ဟို ဟို...."

တေးမှာ ပြောမိပြီးကာမှ စီနီယာက အမတ်ချုပ်ကြီး သားဆိုတာကို သတိရတော့သည်။သတိရတာနဲ့ စကားကိုရပ်လိုက်ပေမဲ့... ပြောမိသွားတာမို့
တေးမှာ စီနိီယာ့ကို မျက်နှာလည်းပူပြီး၊အားလည်
နာမိ၏။

" မင်း စိတ်ထဲ ရှိတဲ့အတိုင်း ပွင့်ပွင့်လင်းလင်း ပြောလို့ရတယ်။အမတ်ချုပ်ကြီးက ငါ့အတွက်
အဖေနေရာမှာ နေရာပေးထားတာကလွဲရင်၊သူစိမ်းတစ်ယောက်ပဲ။အဲ့ဒါကြောင့် သူနဲ့ပတ်သက်လို့ ငါ့ကို အားနာစရာမလိုဘူး "

" စီနီယာက အမတ်ချုပ်ကြီးနဲ့ အတူနေပြီး၊စကား
မပြောဘူးလား... "

တေး ပြောတော့၊စီနီယာ ခပ်မဲ့မဲ့ရယ်ပြီး...

" အဟင်း အာဏာနဲ့အပျော်အပါးကလွဲရင်၊ဘာမှမသိတဲ့ လူတစ်ယောက်နဲ့ ငါက အတူနေစရာလား "

" ဒါဆို စီနီယာ က... "

တေး, ဆက်မေးဖို့ မသင့်တော့ဘူးထင်တာကြောင့် စကားကိုရပ်လိုက်သည်။

" ငါ ငါးနှစ်သားအရွယ်မှာ အဖေက အပြင်ကမိန်းမတစ်ယောက်နဲ့ မှားယွင်းမိတယ်။အဲ့မိန်းမနဲ့ရတဲ့ကလေးနဲ့ အဲ့မိန်းမ ကို အိမ်ပေါ်ခေါ်တင်လာတဲ့ နေ့ကတည်းက ငါ့အမေက ငါ့လက်ကိုဆွဲပြီး၊အဖေ့အိမ်ကနေ ဆင်းလာခဲ့တယ်။မိဘတွေပေးစားလို့ ယူရတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အမေ့အပေါ်မှာ ကြင်နာမူ့မရှိတဲ့ အဖေ့ကို ငါလည်း နာကျည်းတာကြောင့် အဲ့နေ့ကတည်းက အဖေ့ကို မတွေ့တော့ဘူး။အဖေက လာတွေ့ရင်တောင် ငါက ရှောင်ဖယ်နေခဲ့တယ်။ငါ့အဒေါ်ဖြစ်တဲ့ မိဖုရားကြီးကလည်း အဖေ့ရဲ့နောက်မိန်းမကရတဲ့
ငါ့ရဲ့ဖအေတူ၊အမေကွဲညီမလေးကို ​ငါ့ထက်ပိုချစ်တယ်။အဲ့ဒါကြောင့် ငါ့အတွက် အမေက အဖေ ဖြစ်သလို၊အမေလည်း ဖြစ်တယ်။ငါ့အတွက် အဖေမရှိရင် ဖြစ်ပေမဲ့... အမေမရှိရင်တော့ မဖြစ်ဘူး "

နတ်ရေးတဲ့ ရွှေဖူးစာ  Completed  Where stories live. Discover now