နတ်ရေးတဲ့ ရွှေဖူးစာ
or ရွှေမင်းသားရဲ့ ကြင်ရာတော်
အခန်း (၄၄)
." ဝုန်း ဝုန်း ခွန်းတေးအလင်္ကာ! "
" ဟင်! မင်း မင်းသား "
မိုးသံတွေကြားထဲကနေ ဟိန်းထွက်လာတဲ့ မင်းသား၏ ခေါ်သံကြောင့်... မိုးရေထဲမှာ တခစ်ခစ်နဲ့ ချမ်းတုန်နေတဲ့ တေးရဲ့မျက်ဝန်းတွေလေးကတွေ
အရောင်လဲ့သွားသလို... ဆတ်ခနဲ တုန်တတ်သွားတဲ့
ခန္ဓာကိုယ်လေးနဲ့အတူ ငုံ့ကျနေတဲ့... ဦးခေါင်းကလည်း အပေါ်ကိုထောင်လာခဲ့သည်။မိုးရေထဲတွေအောက်မှာ တီရှပ်လက်တိုအနက်၊ဘောင်းဘီအနက်တို့နှင့် အနက်ရောင်ထီးတို့ကို ဆောင်ထားတဲ့ မင်းသားက... တေးအရှေ့မှာ မားမားကြီးရပ်နေတာကို မြင်ရတော့ ပျော်သွားမိသည်။
ဒါပေမဲ့ အပျော်လေးက ခဏပါပဲ။တေးအတွက် ချစ်ရိပ်တွေ အမြဲလွှမ်းနေခဲ့တဲ့ မင်းသား၏ မျက်ဝန်းတွေက... အခုချိန်မှာ ဒေါသရောင်တွေ လွှမ်းနေတာကြောင့်ပင်။
ထိုမျက်ဝန်းတွေကပဲ တေး,ကို ငိုစေတာပါပဲ။ တေးအတွက် ကံကောင်းတာက... မိုးရေတွေကြောင့် တေး,မျက်ရည်တွေကို မင်းသား ရုတ်တရက် မတွေ့နိုင်တာပင်။
မိုးတွေကြားမှာ လင်းနေတဲ့ လမ်းမီးတိုင်တွေရဲ့
အလင်းတချို့နဲ့ မင်းသား၏ မျက်နှာကို မျက်ရည်တွေအိုင်နေတဲ့ မျက်ဝန်းတွေနှင့် ငေးကြည့်နေမိစဥ်မှာပဲ..." မိုးရွာပြီး၊ မှောင်နေတဲ့ ညကြီးထဲ မပြန်သေးဘဲနဲ့
ဘာရပ်လုပ်နေတာလဲ မင်း! "" ဟင့်! "
တေး...။
ချစ်ရသူ သူမ၏ ငိုရှိုက်သံကြောင့် ဒီပ,ခြေလှမ်းတွေ သူမအနားကို တိုးသွားမိတော့မလို ဖြစ်သွားရသည်။ဒါပေမဲ့လည်း လက်သီးနှစ်ဖက်ကို တင်းနေအောင်ဆုပ်ပြီး ဒီပ,စိတ်ကိုတင်းလိုက်၏။ မျက်နှာကိုလည်း အတက်နိုင်ဆုံး တင်းမာလိုက်ပြီး...
" မင်း ပြန်တော့ "
သူမကို တစ်ခါမှ မပြောဖူးသော ခက်ထန်နေတဲ့ စကားသံဖြင့် ပြောလိုက်တော့...