Part 52

936 27 1
                                    

       နတ်ရေးတဲ့ ရွှေဖူးစာ

                           or ရွှေမင်းသားရဲ့ ကြင်ရာ​တော်

          အခန်း (၅၂)
.

" ဘယ်လိုလုပ်ရပ်ကို လုပ်လိုက်တာလဲ သမီးရယ်...
သမီးလုပ်ရပ်က မင်းသားအပေါ်မှာ ဘယ်လောက်တောင်မှ စာနာမှုကင်းမဲ့လိုက်သလဲ။အဖေက မိခင်ကို သတ်တယ်။သမီးက သားကိုသတ်တယ် "

" တေး တေး မသတ်မိခဲ့ပါဘူး မေကြီး "

" မသတ်မိပေမဲ့ သတ်ဖို့အထိ ဓားနဲ့ထိုးစိုက်ခဲ့တယ်
မဟုတ်ဘူးလား။ဓားချက်ကလွဲချော်သွားလို့သာ မင်းသားကို ဘာထိခိုက်မှုမှ မရှိခဲ့တာလေ။သမီးရဲ့ဓားချက်သာ မလွဲချော်ခဲ့ဘူးဆိုရင်၊မင်းသားအတွက် မတွေးဝံ့စရာဖြစ်နေပြီ "

တေးမှာ မေကြီးပြောတာကိုသာ ခေါင်းငုံ့ပြီး နားထောင်နေမိသည်။ကိုယ်တိုင်လည်း ဖေကြီးအတွက် ထူပူနေတာမို့... စကားသံတွေက ​နားထဲကြားတစ်ချက်၊မကြားတစ်ချက်ပါပဲ။

" မင်းသားအမေအပေါ်မှာရှိတဲ့ အပြစ်ကြွေးကိုတောင် သမီးဖေကြီးက မဆပ်ရသေးဘူး။သမီးကပါ နောက်ထပ်အပြစ်ကြွေးကို ထပ်ယူချင်သေးတာလား။သမီးမှာ မင်းသားအပေါ်  အားနာစိတ်လေးတောင်မဖြစ်မိဘူးလား ဟင် "

ဒေါ်အလင်္ကာမေဦးသည် ညဥ့်သန်းခေါင်မှာ အိမ်ပြန်ရောက်လာတဲ့ သမီးဆီကနေ ဖြစ်ကြောင်းကုန်စင်ကြား သိပြီး... မင်းသားအပေါ်  လုပ်ခဲ့တဲ့
သမီး၏လုပ်ရပ်အပေါ်မှာ စိတ်မကောင်းကြီးစွာ
ဖြစ်နေရတာပဲ ဖြစ်သည်။

" တေး တမင်လုပ်ချင်လို့ လုပ်ခဲ့တာ မဟုတ်ဘူး။
ဖေကြီးအတွက်ဖြစ်နေလို့... ရွေးချယ်စရာမရှိခဲ့လို့
ဒီရင်ဘတ်တစ်ခုလုံး နာကျင်ကြေမွခံပြီး၊ မျက်လုံးစုံမှိတ်ပြီး လုပ်ခဲ့မိတာ။အဲ့လိုလုပ်ခဲ့မိတဲ့ တေးကိုယ် တေးလည်း မုန်းတယ်။မေကြီးအမြင်မှာ တေးက
မင်းသားအပေါ်မှာ အားနာစိတ်၊စာနာစိတ်မရှိဘူးလို့
ထင်မြင်နေမိမှာ။တကယ်တော့ ဘယ်သူ့မှမမြင်နိုင်တဲ့ တေးရဲ့ရင်ဘတ်ထဲမှာ နှလုံးသားက ကြေမွနေခဲ့တာ မင်းသားအမေကို ဖေကြီးကသတ်ခဲ့တာလို့ သိပြီးတဲ့ နေ့ကတည်းကပဲ။တေးလောက်လည်း
မင်းသားအပေါ်  ဘယ်သူကမှ စာနာသနားမိကြမှာ မဟုတ်ဘူး။ဒါပေမဲ့ မင်းသားကို စာနာသနားမိလို့... ဖေကြီးအသက်ကို ဥပေက္ခာမပြုလိုက်နိုင်ဘူး။တေး မင်းသားကို စာနာသနားသလို၊ဖေကြီးအသက်ကိုလည်း အဆုံးရှူံးမခံနိုင်ဘူး မေကြီး။သမီးဖြစ်နေတဲ့
တေးက ချစ်သူကောင်လေးအတွက် ဖခင်အသက်ကို စတေးလိုက်တဲ့ သမီးဆိုးတစ်ယောက်မဖြစ်ချင်ဘူး။အနည်းဆုံးတော့ တေး တက်နိုင်တဲ့နည်းနဲ့
ဖေကြီးရဲ့အသက်ကို ကယ်တင်ချင်တယ်။မင်းသားကို ဓားနဲ့ထိုးဖို့လုပ်ခဲ့တာလည်း သေစေလောက်တဲ့အထိ ထိုးဖို့အစကတည်းက မရည်ရွယ်ထားဘူး။သွေးအနည်းငယ်ရစေလောက်တဲ့ အနေအထားမျိုးကိုသာ ရည်ရွယ်ခဲ့တာပါ။တေးအနေနဲ့ မင်းသားအပေါ်မှာ ဒဏ်ရာသေးသေးလေးရစေဖို့တောင်၊မလုပ်သင့်ဘူးဆိုတာ အားလုံးထက်ပိုသိပါတယ်။ဒါပေမဲ့ တေးက သမီးတစ်ယောက်ဖြစ်နေတယ်
မေကြီး။တေးမှာ ရွေးချယ်စရာက အဖြစ်အပျက် အဆိုးကြီးဖြစ်စေနိုင်တာနဲ့၊အဖြစ်အပျက်အသေးလေး ဖြစ်စေနိုင်တာလောက်ပဲရှိတာပါ။အားလုံးကို
ကျောခိုင်းပစ်ပြီး အဝေးဆုံးဆီကို ထွက်ပြေးသွားလိုက်ချင်တဲ့အထိ တေးလည်း နာကျင်နေရပါတယ်
မေကြီး "

နတ်ရေးတဲ့ ရွှေဖူးစာ  Completed  Where stories live. Discover now