နတ်ရေးတဲ့ ရွှေဖူးစာ
or ရွှေမင်းသားရဲ့ ကြင်ရာတော်
အခန်း (၇၈)
." ဖြစ်ခဲ့တာ အားလုံးအတွက် ကျွန်တော် တောင်းပန်ပါတယ် "
" မဟုတ်တာ... အန်တီ က ဖြစ်ခဲ့တဲ့ ကိစ္စတွေအားလုံးကို အတိတ်မှာပဲ ထားခဲ့လိုက်ပါပြီ။ဒီနေ့ရဲ့ဖြစ်ပျက်မှုတွေနဲ့ မနက်ဖြန်မှာ ဖြစ်ပျက်လာမယ့်
အကြောင်းအရာတွေကသာ အန်တီ့အတွက် အရေးပါတော့တယ်။ဒါကြောင့် မင်းသားအနေနဲ့ အန်တီ့ကို
တောင်းပန်စရာလည်း မလိုပါဘူး။အားနာစိတ်လည်းမဖြစ်ပါနဲ့။အားလုံးက ဖြစ်ပျက်ဖို့ ကံကြမ္မာပါလာလို့ ဖြစ်သွားရတာပဲ။အန်တီ ဘယ်သူ့က်ိုမှ အပြစ်မဖွဲ့ပါဘူး "" ကျွန်တော်တို့ အားလုံးအပေါ်မှာ အပြည့်အဝနားလည် ခွင့်လွှတ်ပေးလို့ ကျေးဇူးတင်မိပါတယ်။ အားလည်းနာမိပြီး၊မျက်နှာလည်း ပူမိပါတယ် "
" အန်တီ အားလုံးကို ခွင့်လွှတ်ပေးထားပြီးသာဖြစ်လို့ မင်းသားစိတ်ထဲမှာ အားနာတွေ၊မျက်နှာပူတာမျိုးတွေ မရှိတော့ရင် ကောင်းမယ် "
" ဟုတ်ကဲ့ "
" ဒါနဲ့ သားမဟော်စျာန်လေးနဲ့ရော မင်းသားနဲ့ ဆက်ဆံရေး အဆင်ပြေရဲ့လား။အရင်လိုမျိုးပဲ
ချစ်ချစ်၊ခင်ခင်ရှိကြတယ်မလား "" ကျွန်တော်တို့ကြားမှာ အဆင်ပြေတဲ့ ဆက်ဆံရေး ရှိပါတယ်။ကျွန်တော်တို့ အဆင်မပြေဖြစ်လည်း ခဏပါပဲ။ပြီးတော့ စျာန်,က ကျွန်တော့်အတွက် အမြဲတမ်း ညီလေးပါပဲ "
" အခုလိုကြားရတာ အရမ်းပဲဝမ်းသာမိတယ်။တကယ်ဆိုရင် သားမဟော်စျာန် က သူ့အဖေကြောင့် တကယ် သနားစရာကောင်းတဲ့ ကလးပါ "
" အဲ့ဒါတော့ ဟုတ်ပါတယ် "
" အိမ်က သမီးကတော့ အခုထိ သားစျာန်ကို နားလည်မှုမပေးနိုင်သေးဘူးထင်ပါရဲ့.. "
" ကျွန်တော့်ကိုလည်း မုန်းလို့ကောင်းနေတုန်းလေ
အဲ့ဒိီကလေး က... သူ့ကို ကလေးလို့ ပြောရင်လည်း စိတ်ကကောက်အုံးမယ် "" အဟင်း အဲ့ဒါတာတော့ ဟုတ်ပါတယ် မင်းသား "
" ဒါဆို ကျွန်တော် နန်းတော်မှာ အလုပ်လေးရှိသေးလို့ ပြန်ပါတော့မယ်။ညနေကျမှ ထပ်ပြီးတော့ တွေ့ဆုံပါမယ် "