နတ်ရေးတဲ့ ရွှေဖူးစာ
or ရွှေမင်းသားရဲ့ ကြင်ရာတော်
အခန်း (၈၁)
.ခေါင်းထက်ကပဝါစလေး လေမှာတလွင့်လွင့်နဲ့
ရွှေရောင်နတ်သမီးလေးအလား ထင်မှတ်ရသည့်
သတို့သမီးလေး ဒီပ,အရှေ့မှာ ခြေစုံရပ်လိုက်တဲ့
အခိုက်မှာ နှလုံးခုန်နေတာကလည်း ခေတ္တရပ်တန့်သွားသလို... ဘေးပတ်ဝန်းကျင်က အရာတွေလည်း ရပ်တန့်သွားသလို ခံစားလိုက်ရသည်။" ဒီလက်ကလေးကို ဆုပ်ကိုင်တော့မယ့် ဒီနေ့ဒီအချိန်ကစပြီး ထာဝရသက်ဆုံးတိုင် မလွှတ်တမ်း ဆုပ်ကိုင်သွားပါမယ်ဆိုတဲ့ ကတိကိုပေးနိုင်လား... "
" ဒီမေးခွန်းကို ဘယ်အချိန် ဘယ်နေရာ ဘယ်လိုအရပ်မှာပဲ မေးမေး ထပ်တူညီတဲ့ မေးခွန်းတစ်ခုတည်းကိုပဲ ဖြေမယ်။ကြင်ယာတော်ရဲ့လက်ကို ဘယ်တော့မှ မလွှတ်ပါဘူး။ကြင်ယာတော်ဘက်ကနေ လွှတ်ချမယ်ဆိုရင်တောင် အဆုံးထိ ဆုပ်ကိုင်ထားမှာပါ "
" ကြင်ယာတော်မိဖုရားရဲ့အပြုံးတွေကို အမြဲတမ်း အသက်ဝင်စေနိုင်မလား... "
" အမြဲတမ်း ဆိုတဲ့ စကားနေရာမှာ ထာဝရလို့ပြောင်းသုံးပြီး ဖြေပါ့မယ်။ကြင်ယာတော့်ရဲ့အပြုံးတွေကို ထာဝရသက်ဝင်နေအောင် အမြဲတမ်း ဖန်တီးပေးပါ့မယ် "
" ကြင်ယာတော်မိဖုရား က မင်းသားအတွက် ဘယ်လို အဓိပ္ပါယ်မျိုးပါလဲ "
" အမှောင်ယံလယ်မှာ အမြဲတမ်း ထွန်းတောက်နေပြီး၊အမှောင်ကို အမြဲတမ်း အလင်းပေးနေတဲ့ ကြယ်ပွင့်လေးလို အဓိပ္ပါယ်မျိုးပါ။ကြင်ယာတော် သူမက
နှလုံးသားကို အလင်းပေးဆောင်သူပါ "" ကြင်ယာတော်က မင်းသားအပေါ်မှာ ဆိုးသွမ်းခဲ့ရင်ရော မပြောင်းလဲသော ချစ်ခြင်းမျိုးနဲ့ ချစ်ပေးနိုင်လား... "
" ကြင်ယာတော်ကို မပြောင်းလဲသောချစ်ခြင်းနှင့်မလျော့သော အချစ်တို့ဖြင့် နေ့စဥ်တိုင်းမှာ အဆပိုတိုးလို့ ချစ်သွားမှာပါ "
" အခု လက်ထပ်ပွဲမှာ ကြင်ယာတော်က မင်းသားရဲ့လက်ထပ်ခွင့်ကို ငြင်းပယ်ခဲ့ရင်ရော... မင်းသား ဘာဆက်လုပ်မှာလဲ။လက်လျော့လိုက်မှာလား... "