နတ်ရေးတဲ့ ရွှေဖူးစာ
or ရွှေမင်းသားရဲ့ ကြင်ရာတော်
အခန်း (၆၈)
." မေကြီး သူက ဘာလဲ... "
" အစ်မ က မေကြီးတို့အိမ်မှာ ခဏလောက်နေလိမ့်မယ် "
မင်းသားရဲ့မယ်တော် အိမ်မှာနေမယ့်အကြောင်း ပြောနေတဲ့ မေကြီးကိုတေးတကယ်ပင် နားမလည်နိုင်တော့။
" မေကြီး တေး ဘယ်လောက်ခံစားနေရလဲဆိုတာ
မသိလို့ အခုလိုလုပ်နေတာလား... "" မေကြီး သိတာပေါ့ သမီးရင်ထဲမှာ ဘယ်လောက်ထိခံစားနေရလဲဆိုတာကို... "
" အဲ့ဒါတောင် အခုလိုလုပ်တယ်ပေါ့... "
" မေကြီးတို့ အိမ်ရောက်မှစကားဆက်ပြောကြရအောင်။အရင်အိမ်ပြန်ကြမယ်။ပစ္စည်းတွေလည်း
အစ်မ က ကူသိမ်းပေးထားတယ်။မောင်ဟန် ပစ္စည်းလေးတွေ ကားဆီကိုယူသွားလိုက်ပါ "" ဟုတ်ကဲ့ အစ်မကြီး "
" လာ အစ်မ အလင်္ကာတို့ကားဆီသွားကြမယ် "
" အင်း "
" သမီးလာခဲ့လေ "
" ဟင်း... "
မေကြီးကသူလုပ်ချင်တာလုပ်ပြီး ရှေ့ကနေထွက်သွားတာကြောင့် တေးမှာ စိတ်မသက်မသာနဲ့ လိုက်သွားခဲ့ရသည်။
" တေးလေး အဒေါ်အကြာကြီးမနေဘူးနော်။သမီးအမေနဲ့ခဏလောက်နေပြီးရင် အဒေါ်နေတဲ့နေရာကို
ပြန်သွားမှာပါ "" ...................... "
" သမီးလူကြီးကပြောနေတာကို စကားပြန်ပြောလေ။ဘာလို့ နူတ်ပိတ်နေတာလဲ "
မင်းသားမယ်တော် က စကားပြောတာကို ပြန်မဖြေဘဲ ကားရှေ့ခန်းမှာ မျက်နှာကိုဆူပုတ်ထားတဲ့ သမီးကြောင့်... မင်းသားမယ်တော်ကို ဒေါ်အလင်္ကာမေဦး မှာ အားနာနေရသည်။
" နေပါစေ ညီမရယ်... တေးလေး သူပြောချင်မှပြောပါစေ။အစ်မ တေးလေးစိတ်ကို အပြည့်အဝနားလည်တာမို့လို့ စိတ်ထဲမထားပါနဲ့ "
ဒေါ်အလင်္ကာမေဦး တစ်ဖက်လူကို အပြုံးတစ်ပွင့်နဲ့အတူ ခေါင်းငြိမ့်ပြလိုက်သည်။မျက်ဝန်းတွေကတော့ သမီးကိုနားလည်ပေးလို့ ကျေးဇူးတင်မှုတွေ အပြည့်ပါ။