နတ်ရေးတဲ့ ရွှေဖူးစာ
or ရွှေမင်းသားရဲ့ ကြင်ရာတော်
အခန်း (၇၉)
." ငိုချင်နေတာက်ို ငိုချလိုက်ပါ။ မဟုတ်ရင် မင်း ပိုပြီး နာကျင်ရလိမ့်မယ် ခွန်းတေး "
" အဟင်း နာကျင်ရမယ်။တေးအတွက် နာကျင်မှုဆိုတာ နေသားကျနေပြီးသား အရာပဲ။အခုထပ်ပိုပြီးတော့ ဘယ်အရာက တေးကိုနာကျင်စေအုံးမှာလဲ "
" ဟင်း... "
တေးမှာ စကားပြောနေရင်း ရင်ဘတ်ထဲက မွန်းကြပ်လာတာကြောင့် ရင်ဘက်ကို လက်ဖဝါးနှင့်ဖိကာ အသက်ကိုရှူရသည်။
" ခွန်းတေး အဆင်ပြေရဲ့လား... "
ရင်ဘက်ကိုလက်နဲ့ဖိပြီး ကိုယ်ကိုင်ကာ အသက်ရှူနေရတဲ့ တေး ကို စီနီယာ က စိုးရိမ်စိတ်ဖြင့် ပခုံးနှစ်ဖက်ကနေ ကိုင်ပြီး မျက်နှာကို သေချာကြည့်၍ မေးသည်။
" အင်း အဆင်ပြေပါတယ် "
" တေး ဘာဖြစ်လို့လဲ နေမကောင်းဘူးလား။အိမ်ပြန်မှာဆို ကိုယ် လိုက်ပို့ပေးမယ် "
" အဟင်း "
ကိုယ်ပြောတဲ့စကားထဲမှာ စိုးရိမ်စိတ်ကလွဲပြီး ရယ်စရာမပါသည့် စကားကို သူမကရယ်သည်မို့
ဒီပ,နားမလည်နိုင်ဖြစ်သွားရသည်။" တေး... "
" ဘယ်ကိုလာပြီး ရယ်စရာတွေ ပြောနေတာလဲ။မနက်ဖြန် သဘက်ပဲ လက်ထပ်ပွဲကျင်းပတော့မယ့်
လူက ဘယ်သူ့ကိုလာပြီး ဂရုစိုက်ပြနေတာလဲ "" တေး က ရှင် ဂရုစိုက်ရမယ်သူ မဟုတ်ဘူး။ရှင်
ဂရုစိုက်ဖို့လည်း မလိုဘူး။ရှင့်ရဲ့ ဂရုစိုက်မှုကိုလည်း
မလိုအပ်ဘူး "" တေး... "
" ဘယ်သူ့ကိုလာပြီး တေးလို့ခေါ်နေတာလဲ။ရှင်နဲ့တေးကြားမှာ ရင်းနှီးတဲ့ ဆက်ဆံရေးဆိုတာမရှိဘူး။နာကျည်းမုန်းတီးခြင်းဆိုတဲ့ ဆက်ဆံရေးပဲရှိတယ်။
ကျွန်မ နာမည် ခွန်းတေးအလင်္ကာ။နောက်တစ်ခါ
ကျွန်မ ကို တရင်းတနီးမခေါ်မပြောပါနဲ့။ကျွန်မ ရှင့်ကို မရင်းနှီးဘူး "" စီနီယာ တေးကိုပြန်လိုက်ပို့ပေးပါ။ကားက မေကြီးပြန်ဖို့ အတွက် ထားခဲ့မှာမို့လို့ "