ရွှေမင်းသားရဲ့ ကြင်ရာတော်
or နတ်ရေးတဲ့ ရွှေဖူးစာ
အခန်း (၃)
.
." မင်းသား တေး,ကို ခေါ်တာ ဘာပြောဖို့လဲ ဟင် "
" မင်း ငါ့ကြင်ရာတော် လုပ်ပေး "
" ဖလူး... အဟွတ် အဟွတ် "
" ဟာ... ဟေ့ မင်း! ကျစ် ဟာကွာ... "
မင်းသားစကားကြောင့် တေး,သည် သောက်နေတဲ့ ပါးစပ်ထဲက လိီမွန်ဖျော်ရည်များသည် အပြင်ကို ပြန်ထွက်ကုန်တော့သည်။ထွက်တာတောင် ရိုးရိုးမဟုတ် ပါးစပ်ထဲကနေ အပြင်ကို မှုတ်ထုတ်သလိုဖြစ်သွားတာမို့... အိမ်ရှေ့စံမင်းသား၏ အင်္ကျီရင်ဘတ်တွေကို စွန်းပေကုန်တော့သည်။
အင်္ကျီတွေ စွန်းပေသွားတာမို့.. အိမ်ရှေ့စံမင်းသားသည်လည်း မျက်နှာကြီးရှူံ့မဲ့ကာ ရှူးရှူးရှားရှားဖြစ်နေတော့သည်။
" တောင်းပန်ပါတယ် မင်းသား။တေး, မတော်တဆ ဖြစ်သွားတာပါ။ဟို... အင်္ကျီကို တစ်ရှူးနဲ့သုတ်ပေး... "
" တော်ပြီ၊ထားလိုက်တော့... စကားဆက်ပြောမယ် "
ဆိုကာ... မင်းသား က စားပွဲပေါ်ရှိ တစ်ရှူးဘောက်ထဲမှ တစ်ရှူးကို ထုတ်ယူပြီး၊သူ့ရင်ဘတ်ပေါ်မှ အစွန်းများကို သုတ်လေသည်။
" ဟုတ်ကဲ့ "
" မင်း ကို ငါ့ကြင်ရာတော် အဖြစ်လုပ်ချင်ပေးစေ
တယ်။အချိန်တိုတစ်ခုလောက်ထိပဲ "" တေး,က မလုပ်ချင်ဘူးဆိုရင်ရော "
" မင်း နန်းတွင်းက အချုပ်ခန်းထဲ ရောက်ဖူးလား... "
'ဘာလဲ... ဒီမင်းသား ငါ့ကို သူခိုင်းတာကို မလုပ်ရင် အချုပ်ခန်းထဲ ထည့်မယ်လို့ ခြိမ်းခြောက်နေတာလား...'
တေး,ဆိုတာကလည်း ကျန်တာသာ မကြောက်တတ်တာ။အချုပ်ခန်းတို့၊အချုပ်ထောင်တို့ဆို
သေမလောက်ကို ကြောက်တာ။" တေး,က မွေးကတည်းက ဘာပြစ်မှ မလုပ်ထားတာ အဲ့နေရာကို ရောက်ဖူးစရာလား... "
တေး, ဘုကန့်လန့်ပြောလိုက်တော့...
" အရင်က မရောက်ဖူးပေမယ့်... ဒီနေ့ရောက်ဖူးသွားနိုင်တယ် "