Part 59

775 25 0
                                    

            နတ်ရေးတဲ့ ရွှေဖူးစာ

                           or ရွှေမင်းသားရဲ့ ကြင်ရာတော်

          အခန်း (၅၉)
.

" ဒါက... "

ဒီပ, မေဟာ်စျာန်ပေးထားခဲ့တဲ့ စက္ကူဖြူအခေါက်ကို ဖြည်ကြည့်လိုက်ရာတွင်... ကြာပန်းဆွဲကြိုးခြောက်လေးကို ထူးဆန်းစွာ တွေ့လိုက်ရသည်။ထိုကြာပန်းဆွဲကြိုးလေးသည် တခြားတော့... မဖြစ်တန်ရာပေ။တေး ပထမဆုံးလုပ်ပြီး​တော့... စျာန့်ကို
ပေးခဲ့တဲ့ ဒုတိယမြောက် ကြာပန်းဆွဲကြိုလေးပဲဖြစ်မည်။ဘာကြောင့်ဆို စာရွက်ရဲ့အပေါ်ဆုံးနားမှာ...

"ပန်းကုံးဆွဲကြိုးလေးကို မင်းသားကပဲ ပိုင်ရှင်လေးထံ ဂရုတစိုက်နဲ့ ပြန်ပေးပေးပါ" လို့ ရေးထားတာကြောင့်ပင်။

" ဟင်... "

ကြာပန်းခြောက်လေးကို စက္ကူစာရွက်ပေါ်ကနေ
ယူလိုက်တဲ့အခါ... ကြာပန်းအောက်က စာရွက်အလယ်မှာ... ရှိနေတဲ့ အရာကြောင့် ဒီပသည် လုံးဝကို ရှော့ရပြီး၊ခဏတာ နေရာမှာတင် ကြက်သေ သေသွားခဲ့ရသည်။

အဲ့ဒီအရာကပဲ ဒီပ,၏ စိတ်ကို တင်းမာခတ်ထန်သွားစေခဲ့သည်။

" နောင်ခ...! "

" အမိန့်ရှိပါ မင်းသား "

" အခုကစပြီး ငါ အမိန့်ပေးတာကို သေချာ လုပ်ဆောင်ရမယ်။တစ်ခုခု လွဲချော်တာမျိုး
မလိုချင်ဘူး။ပေးတဲ့ အမိန့်ကို သေချာမလုပ်နိုင်ခဲ့ရင်၊အဲ့အတွက် ကြီးလေးတဲ့ အပြစ်ဒဏ် က မင်းကို
ကြိုစောင့်နေလိမ့်မယ်ဆိုတာ သိထား "

" ကျွန်တော် မင်းသားရဲ့အမိန့်ကို သေချာ လုပ်ဆောင်ပါ့မယ် "

" ကောင်းပြီ၊ ငါ မင်း ကို ယုံကြည်လို့ ပေးတဲ့ အမိန့်ဖြစ်လို့ သေချာထမ်းဆောင်ရလိမ့်မယ် "

" အမိန့်တိုင်းပါ ​မင်းသား "

မင်းသား၏ ခတ်ထန်နေတဲ့ မျက်နှာပေါ်မှာ သွေးအေးနေမှုကိုပါ ထပ်လောင်းမြင်တွေ့နေရတာမို့...

သခင်လေးမဟော်စျာန်,မင်းသားကို ပေးထားခဲ့တဲ့
ကြာပန်းကုံးလေးထုပ်ထားတဲ့ စာရွက်ခေါက်က ရိုးရိုးစာရွက် တစ်ရွက်မဟုတ်မှန်း ခန့်မှန်းလိုက်မိသည်။

နတ်ရေးတဲ့ ရွှေဖူးစာ  Completed  Donde viven las historias. Descúbrelo ahora