Part 13

1.6K 59 0
                                    

          နတ်ရေးတဲ့ ရွှေဖူးစာ

                           or  ရွှေမင်းသားရဲ့ ကြင်ရာတော်

                               

                           အခန်း   (၁၃)
.

" ခရီးကနေ ပြန်လာတဲ့ ငါ့သားတော်က ခွန်းတေးအင်္လကာကြောင့် ဒဏ်ရာ ရရတယ်လို့...၊အသားတွေလည်း ပူကျစ်လို့နေပါလား သားတော်ရယ်.. "

မိဖုရားကြီးစန္ဒီဒေဝီသည် အပြင်းဖျားနေတဲ့ အိမ်ရှေ့စံ၏ နဖူးပြင်ကို လက်ဖဝါးဖြင့် စမ်းရင်း... စိတ်မကောင်းစွာနဲ့ ညီးညူးလေသည်။

" သမားတော် သားတော် အပူကြီးနေတာကို ကျအောင် လုပ်လေ။ဆေးရောတိုက်ပြီးရဲ့လား။ဒဏ်ကိုရော ကုသပြီးပြီလား "

" ကျွန်တော်် မင်းသား ကို ဆေးတိုက်ထားပါပြီ။
ကျောက ခဲထိုးမိသွားတာက နည်းနည်းနက်တော့... ဒဏ်ရာရှိန်ကြောင့် အဖျားဝင်ပြီး အပူကြီ
းနေတာပါ။မင်းသားအတွက် လိုအပ်တဲ့ ကုသမူ့တွေ လုပ်ပေးထားလို့ စိတ်ပူစရာ မရှိပါဘူး "

" ဘာလို့ အင်္ကျီကချွတ်ထားတာလဲ။ပြန်ဝတ်ပေးလို့ရတယ်မလား... "

" ကျောကို ဆေးထည့်ပြီး ပတ်တီးစည်းတာကြောင့် အင်္ကျီကို ချွတ်ထားတာပါ။ပြန်ဝတ်ပေးမလို့ပေမယ့် မင်းသား က အပူကြီးနေလို့... ရေပတ်တိုက်ပေးမလို့ လုပ်နေတာပါ။ပြီးတာနဲ့ ပြန်ဝတ်ပေးမှာပါ မိဖုရားကြီး ခင်ဗျ "

" နောင်ခ သားတော်ကို သေချာ ဂရုစိုက်ပါ "

" ဟုတ်ကဲ့ပါ မိဖုရားကြီး "

သားတော်အိမ်ရှေ့စံအခန်းကနေ ပြန်ထွက်လာတဲ့
မိဖုရားကြီးသည်... အိမ်ရှေ့စံ နန်းဆောင်ရှေ့က
ကြင်ရာတော်နန်းဆောင် ကို မြင်တဲ့အခါ...

မျက်ခုံကြောတွေ တင်းသွားသလို၊ခြေလှမ်းတွေကလည်း မြန်ဆန်စွာနဲ့... ကြင်ရာတော်နန်းဆောင် ဆီကို သွားလေသည်။ နောက်ကလိုက်ရတဲ့ နန်းတွင်းသူနှစ်ယောက်သည်လည်း မိဖုရားကြီး သွားရာနောက်ကို အမြန်လိုက်ရတော့သည်။

" တေး ပြန်လာလို့ မရသေးလို့ပါ။ပြန်လာလို့ ရတာနဲ့ ပြန်လာမှာပါ "

" မင်းသား နန်းတော်ကို ဒီညနေပဲ ပြန်ရောက်တယ်ဆိုတာ ငါ သိပြီးပြီ။မင်းသား ပြန်ရောက်နေတာတောင်၊ပြန်လာလို့ မရသေးဘူးဆိုတဲ့ နင့်စကားကို ငါက ယုံမယ်ထင်နေလား! "

နတ်ရေးတဲ့ ရွှေဖူးစာ  Completed  Donde viven las historias. Descúbrelo ahora