Part 38

1.1K 53 3
                                    

နတ်ရေးတဲ့ ရွှေဖူးစာ

                           or ရွှေမင်းသားရဲ့ ကြင်ရာ​တော်

          အခန်း (၃၈)
.

" ကိုကိုမင်းသား ခွန်းတေးအလင်္ကာနဲ့ ဆက်မတွဲပါနဲ့တော့။သူ့ကို မေ့ပစ်လိုက်ပါ။ခွန်းတေးအင်္လကာ က
ကိုကိုမင်းသားနဲ့ လုံးဝကို မလိုက်ဖက်တဲ့ လူတစ်ယောက်ပါ "

" သရဖီ! မင်းကို ငါက စကားပြောခွင့်ပေးထားတယ်ဆိုတာနဲ့ ငါ့ရဲ့ကိုယ်ရေးကိုယ်တာ ကိစ္စကို လက်လွတ်စပယ် ပြောနေရအောင်၊မင်းက ဘာမို့လို့လဲ "

" အဟင်း ကိုကိုမင်းသား က သရဖီ ကို ဒေါသထွက်နေတာပဲ။ကိုကိုမင်းသား ဒေါသထွက်တာ လူမှားနေပြီသိလား။ကိုကိုမင်းသား ဒေါသထွက်ရမယ့် လူက
သရဖီ့ကို မဟုတ်ဘူး။ကိုကိုမင်းသား ဆေးမမှီလောက်အောင် အရူးအမူးဖြစ်နေတဲ့ ခွန်းတေးအလင်္ကာနဲ့ သူ့အဖေကို ဒေါသထွက်ရမှာသိလား... "

" သရဖီ! မင်း မဟုတ်တဲ့ စကားတွေပြောဖို့လာခဲ့တာဆိုရင် အခုချက်ချင်း ငါ့ရှေ့ကနေ ထပြန်လိုက်တော့။မဟုတ်ရင် ငါနဲ့ စကားပြောခွင့်ရတာ ဒါက
နောက်ဆုံးဖြစ်သွားလိမ့်မယ် "

" အဟင်းအဟင်း နောက်ဆုံးတဲ့လား... ကိုကိုမင်းသား ကို သရဖီ အရမ်းသနားနေမိလို့ ဘယ်လိုလုပ်ရပါ့မလဲ ဟင် "

ပြောင်ချော်ချော်မျက်နှာနှင့် ခပ်လှောင်လှောင်အပြုံးကိုပြုံးကာ... လူကိုကြည့်ပြီး ပြောနေတဲ့... ရှေ့ရှေ့တည့်က သရဖီဆိုတဲ့ သူမကို အခန်းထဲကနေ အကြမ်းပတမ်းဆွဲထုတ်ပစ်ချင်လိုက်တာမှ လက်ကိုယားနေတော့သည်။ထောက်ထားရမယ့် မိထွေးတော်မျက်နှာကြောင့်သာ ဒီပ,သည်းခံပေးနေရတာပဲဖြစ်သည်။

" မင်း ပြောနေတာတွေကို ထပ်ပြီးတော့... ငါနားမထောင်ချင်တော့ဘူး။အဲ့တော့ ဒီလောက်နဲ့ပဲ မင်းသွားလိုက်တော့ သရဖီ "

" သရဖီကိုဆိုရင် ကိုကိုမင်းသား က ရန်သူတစ်ယောက်လိုပဲ ဆက်ဆံတယ်နော်။ရန်သူလိုတကယ်
ဆက်ဆံရမယ့်သူကိုတော့... အချစ်တွေကိုပါ ပုံပေးနေတာ အံ့သြမဆုံးဘူး "

" ခွန်းတေးအလင်္ကာနဲ့ ပတ်သက်ပြီး မင်း ပါးစပ်ကနေ နောက်ထပ် လက်လွတ်စပယ် ပြောထွက်မလာကောင်းလိမ့်မယ်။အခု မင်း ငါ့ကို ပြောဖို့ တစ်ခုခုရှိနေတယ်မလား။အမြန်ပြောပြီးတော့ သွားတော့ "

နတ်ရေးတဲ့ ရွှေဖူးစာ  Completed  Where stories live. Discover now