နတ်ရေးတဲ့ ရွှေဖူးစာ
or ရွှေမင်းသားရဲ့ ကြင်ရာတော်
အခန်း (၇)
." တေး က နန်းတော်ကြီးထဲကို အခုမှ ပထမဆုံး ရောက်ဖူးတာပါ။နန်းတော်ကြီး က ကျယ်ဝန်းပြီး
လေ့လာစရာတွေ အလွန်ပေါများတာကိုလည်း
တွေ့ရပါတယ်။တေး နန်းတော်ကြီးက အရာတွေကို လေ့လာချင်မိပါတယ်။အဲ့ဒါကြောင့် မင်းသားနဲ့ နန်းတော်မှာ နေချင်တယ်လို့ ပြောမိတာပါ။တေး နေလို့ မရရင်တော့ မနေပါဘူး အရှင်မင်းကြီး ရှင့် "" နေလို့ရစရာလား။နန်းတော်ဆိုတဲ့ နေရာက အပြင်လူတွေ ဝင်ချင်တိုင်းဝင်၊ထွက်ချင်တိုင်း
ထွက်လို့ရတဲ့ နေရာများ မှတ်နေသလား။မြင့်မြတ်သူတို့ နေရာက မြင့်မြတ်တဲ့ သူတွေပဲ ဝင်ထွက်ခွင့်ရှိတယ်ဆိုတာကို မင်း က မသိလေလျော့သလား... "တေး,စကားအဆုံးမှာ မိဖုရားကြီး က အမျက်ဒေါ သတို့ဖြင့် ပြောလေသည်။သရဖီတို့သားဖကတော့... တေး,ကို မဲ့ပြုံးဖြင့် ကြည့်နေသည်။
" တေး, ဆန္ဒက ရိုင်းပျမိသွားရင်၊အားလုံးကို တောင်းပန်ပါတယ် "
အခုမှတွေ့ရတဲ့ မိဖုရားကြီး က တေး,အပေါ်မှာ တော်တော်လေး အမြင်ကြည်တာကို တွေ့ရတော့
စိတ်မကောင်း ဖြစ်ရပါတယ်။အဲ့ဒါအပြင် အမတ်ချုပ်ကြီးတို့သားဖ၏ မလိုလားသည့် အကြည့်တွေကြောင့်... တေးသည် ထိုနေရာမှာ ဆက်မနေချင်တော့တာ အမှန်ပါ။အဲ့ဒါကြောင့် တေး ဆက်ပြီးတော့ ပြောလိုက်မိသည်။" တေး, ကို ပြန်ခွင့်ပြုမယ်ဆိုရင် ပြန်ချင်ပါတယ် ရှင့် "
" တေး မင်း ပြန်လို့မရသေးဘူး "
မင်းသား က တေးရဲ့ လက်ဖဝါးလေးတစ်ဖက်ကို
အသာဆုပ်ကိုင်လာပြီး... နှစ်ကိုယ်ကြား စကားသံဖြင့် ပြောလာတော့... တေး,သက်ပြင်း ဖွဖွလေးသာ ချမိ၏။" တေး က နန်းတော်နဲ့ စိမ်းသက်နေတဲ့ သူတစ်ယောက်မို့... စကားအပြောဆိုမတတ်တာကို ခမည်းတော်တို့ လူကြီးတွေက နားလည်ပေးဖို့...
သားတော် တောင်းဆိုပါတယ် "