နတ်ရေးတဲ့ ရွှေဖူးစာ
or ရွှေမင်းသားရဲ့ ကြင်ရာတော်
အခန်း (၅၁)
." မင်းသား ကျွန်တော် ကျန်နေခဲ့ပြီး ရှင်းပြမှာမို့... ခွန်းတေး ကို ဒီကနေ အမြန် သွားခွင့်ပြုပါ။ကျွန်တော် အနူးအညွတ်တောင်းဆိုတာပါ "
စျာန်, ချစ်ရသူကို နောက်ထပ် ထောင်ချောက်ထဲမမိစေဖို့ မင်းသားထံမှာ ဦးညွတ်၍ တောင်းဆိုလိုက်မိသည်။
" မတောင်းဆိုနဲ့ စီနီယာ။တေး သူ့ရဲ့လည်ချောင်းသွေးမပါဘဲနဲ့ ဒီကနေသွားမှာ မဟုတ်ဘူး "
" ခွန်းတေးအလင်္ကာ... ! "
ဒီပမှာ ချစ်ရသူဆီမှ ကြားလိုက်ရတဲ့ စကားကြောင့်
နှလုံးသားက နာကျင်စူးအောင့်သွားရ၏။နူတ်ကနေလည်း ချစ်ရသူ၏ နာမည်ကိုအလန့်တကြား ခေါ်လိုက်မိ၏။" ခွန်းတေး မင်း အခုချိန်မှာ တုန်လှုပ်ချောက်ချားနေမယ်ဆိုတာ သိတယ်။ ငါက မင်းသား နားလည်အောင် ဖြေရှင်းလိုက်မှာမို့လို့ မင်းကပြန်လိုက်တော့နော် "
" တေး ပြန်မယ်။ဒါပေမဲ့ လက်ဗလာချည်းနဲ့တော့
မပြန်နိုင်ဘူး "" ခွန်းတေး "
ဒီတစ်ခါတော့ မင်းသားမဟုတ်ဘဲ စျာန်ကိုယ်တိုင်ပင် ထိတ်လန့်တကြားဖြစ်သွားရသည်။ဘာကြောင့်ဆို ခွန်းတေးရဲ့ပုံစံက မင်းသားရဲ့လည်ချောင်းသွေးမပါရင်၊ဒီကနေ သွားမယ့်ပုံစံမရှိတာကြောင့်ပင်။
" ခွန်းတေး မင်း ငါ့စကားကို နားထောင်ပြီးတော့
ပြန်လိုက်ပါ။မင်းအဖေအတွက်ကို စိတ်ပူနေတာက်ို
သိတယ်။ငါက မင်းအဖေ အသက်အန္တရာယ်မရှိစေရအောင် ဖြေရှင်းပေးမှာမို့လို့.. ငါ့ကိုယုံကြည်ပြီး
ဒီလောက်နဲ့ပြန်လိုက်တော့နော် "စျာန်,သူမ၏ ပခုံးနှစ်ဖက်ကို ခပ်ဖွဖွဆုပ်ကိုင်ပြီး
ပြောတော့..." တေးအဖေက စီနီယာ့အဖေလက်ထဲမှာ သေလုမောပါးဖြစ်နေတာကို စီနီယာ့ကိုယုံကြည်ရမှာပေါ့လေ။အဟင်း ရယ်စရာတွေ သိပ်ပြောနေတာပဲ။အခု
အချိန်မှာ တေးဘက်မှာရှိတာဆိုလို့ တေးကိုယ်တိုင်ပဲရှိတယ်။တေးတောင်မှ ကိုယ့်အဖေရဲ့အသက်နဲ့အကြပ်က်ိုင်ခံလာရတဲ့ အချိန်မှာ ဘယ်အရာကိုမှ မကြည့်နိုင်၊မငဲ့နိုင်တော့ဘူး။ကိုယ့်အဖေအတွက် အရာအားလုံးကို မျက်လုံးစုံမှိတ်၊မျက်ကွယ်ပြုခဲ့ရတာပဲ။စီနီယာလည်း သားတစ်ယောက်ပဲ။အဲ့တော့ အချိန်တန်ရင် စီနီယာလည်း တေးလိုပဲဖြစ်လာမှာပဲ။အဲ့လိုဖြစ်လာမယ့် လူကို ယုံကြည်ရအောင်၊တေးမတုံးလွန်းသေးဘူး။တေး အခုချိန်မှာ ဘယ်သူ့ကိုမှ မယုံကြည်တော့ဘူး။ပြီးတော့ စီနီယာ့ကိုယ်ထဲမှာ
အမတ်ချုပ်ကြီးရဲ့သွေးတွေကအပြည့် စီးဆင်းနေတာပါ။ဘယ်အချိန်မှာ အမတ်ချုပ်ကြီးရဲ့သွေးဆိုးတွေက စီနီယာ့ကိုယ်ထဲကနေ ခုန်ထွက်လာမလဲဆိုတာ ဘယ်သူမှမသိဘူး။အဲ့ဒါကြောင့် တခြားသူတွေထပ် စီနီယာ့ကိုပိုလို့တောင် မယုံမကြည်ဖြစ်ရသေးတယ် "